21 century ပြီးတော့ ဘေးက လူက စွတ်ကျယ်လက်ပြတ်နဲ့

ခုန်ချ/တက်ပစ်လိုက်ဖို့ ခုန်တာနဲ့ အချခံရဖို့များ (လား) ။ နားထင်မှာလာထောက်ထားတဲ့ လက်ညိုးက အငွေ့တလူလူ ။

သူတစ်လူ ငါတစ်မင်း ။ ကဲချင်တိုင်းကဲနေရတာဆိုတော့ မိမဆုံးမ ။ ဖမဆုံးမ ။ စုန်းစုန်းမမြုတ်မရုံလေး

အဆင့်အတန်းက ဒီလို ကြည့်ရတာ မျက်လုံးထဲ သိပ်မလှတော့ဘူး ။ ပွဲမလန့်ခင် ဖျာကြိုခင်းတဲ့ လုပ်ပေါက်

ဟိုခုန်ကူးလိုက် ဟိုခုန်တက်လိုက် ဟိုခုံလုလိုက် ။ လူငယ်ဆိုတဲ့စိတ်က အညှိအဟောက် သိပ်မကင်းဘူး။

အဆဲ အဆို လည်း သိပ်မကင်းတော့ဘူး ကိုယ့်လူ ။ *ရိုင်းတာက လွယ်ပါတယ် စာသားရှေ့မှာစောက်ထည့်လိုက် ။*

စောက် အဆင်မပြေရင် သောက်ထည့်လိုက် ။ သောက်ထည့်လိုက်ရင် မူးတယ် ရူးတယ် ။

ခေတ်မကောင်းတုန်း အရူးကွက်နင်းတယ် ။ နင်းမယ် နှိပ်မယ် ။ ပွတ်မယ် သပ်မယ် ဆိုတော့ (ဒီလောက်နဲ့မရဘူး)

တစ်ဆက်ရှင် ဘယ်လောက် ဆိုတဲ့ အသံက ကျွတ်ထွက်လာတယ် ။ ကျွတ်ကျသွားတာလား ချွတ်ချလိုက်တာလား

မရိုးမရွဖြစ်အောင်လာလာလုပ်တဲ့ ရိုးရိုးလေးနဲ့ ရွတဲ့ဟာမ သိပ်သဘောကျဖို့ကောင်းပါ့ …

ဒီရက်ပိုင်း လိင်စိတ်ကကြွကြွလာတော့ နေရထိုင်ရ သိပ်အသားမကျ ။ ကျသွားတဲ့စိတ်ဓါတ်က ပြန်ကောက်မရဘူး ။

ဘေးတစ်ခန်းကျော်က အပျိုမလေးတော့ တစ်သားပြီးတစ်သားကျ (သတဲ့)

၂၁ ရာစုကိုက အနံ့တထောင်းထောင်းနဲ့ အပြောအဆို မတတ်ရင် ထုတယ်ထောင်းတယ်

ဂျင်းထည့်တယ် ။ ကျော်တယ်ခွတယ် ။ သိပ်တယ် ။ (ပြာတွေအတောင့်လိုက်ကြွေသွားပုံက အကယ်ဒမီ ရလောက်တယ်)

မလိုရင်မလိုသလို . . ဖင်ဆီခံနားကို လက်နဲ့ ဖိသိပ်ထည့်လိုက်တာပဲ ။

ပါကင်ပိတ် ရယ်ဒီမိတ် နဲ့ Export တံဆိပ် ကောင်းကောင်းနဲ့ နောက်တော့ စပွန်ဆာနဲ့

လွတ်လပ်စွာ ရောင်း . . . ၀ယ် . . . ဖောက် . . . ကား

လူပျို လူအိုမရွေး စားသုံးနိုင်ပါသည် ဆိုတဲ့ ပေါက်ဈေးက အတက်အကျ ကြမ်းတယ် ။

တစ်ခွန်တည်းနဲ့ အားမရတော့တဲ့ခါ တစ်တစ်ခွခွ ဆဲဆိုချလိုက်ရုံပေါ့ ။ကျုပ်တော့ ခြေဆေးဦးမယ် ပျော်စရာပေါ့ ။

ဟုတ်ဖူးလား ကိုယ့်လူ ။ ကိုယ့်လူ လည်း ပြာခြွေလိုက်ပါဦး ။ ကျုပ်တို့ ခေတ်ကိုက ခြေဆေးလို့ ပြာခြွေလို့ သိပ်ကောင်းတာပေါ့ ။

မောင်မိုးချို

* ကျော်ထွဋ်ဆွေ Battle Music မှ

စက္ကူစွန်လေးနဲ့ မိုးမိနေတဲ့ လူငယ်စိတ်

ကျွန်တော့်ကို လာမှန်ကြတဲ့ အမှန်တရားဟာ ရန်ကုန်မိုးလို မစဲဘူး ။

သူ့ဓါတ်ပုံလေးတွေထောင်ထားတဲ့ စားပွဲ ။

အတိတ်ကို ကျိန်စာလို ကြောက်တယ်လို့ တစ်ယောက်တည်းဆိုဖြစ်တယ် ။

အရာအားလုံးက မနေ့တနေ့က မိုးရာသီလို အားလုံးစီးဆင်းသွားခဲ့တာပဲ ။

ရန်ကုန်မိုးရွာတိုင်း သူ့အိပ်မက်လေးတွေ ချိုပါစေလို့ အမောတကော ဆုတောင်းမိတယ် ။

သူ့အရိပ်လေးနဲ့ မလွတ်ခဲ့တဲ့ ကြည်ပြာရောင်ထီးလေးကိုလွမ်းမယ် ။

မိုးရေထဲ လျောက်မယ် ... မျက်ရည်တွေ တစ်စက်ချင်းကျမယ် ။

ဒီနေ့ ပြက္ခဒိန်က ရက်ရာဇာတွေကြီးပဲဆို သိပ်ကောင်းမယ် ။

ကြည်ပြာရောင်ထီးလေးနောက် လမ်းဖောက်ပြီးလိုက်ခဲ့ဖို့ ။

ကြည်ပြာရောင်းထီလေးကို အိပ်မက်ထဲမှာ တင်ခေါ်သွားဖို့ ။

ကျွန်တော့်ဆန္ဒတွေ ရန်ကုန်မိုးတွေနဲ့ သဲထဲရေတွေသွန်ချနေမိသလို ။

ကျွန်တော် အိပ်မက်က ခဏခဏ လန့်နိုးဖို့ ကြိုးစားနေမိမယ် ။

မိုးရာသီရောက်တိုင်း မိုးမိပါစေဆိုတဲ့ ဆုကို အကြိမ်ကြိမ်တောင်းတယ် ။

ကျွန်တော့် တစ်နှစ်စာ တစ်ရာသီကို မိုးရေတွေ စိုစိုရွှဲအောင်မျော်တယ် ။

ကျွန်တော့ကိုယ် ကျွန်တော် မိုးတွေမိဖို့ တစ်သက်စာကြိုးစားတယ် ။

လူငယ်က လူငယ်မလေးကို စက္ကူစွန် အနွမ်းလေးပေါ် အိပ်မက်တွေတင် ။

မိုးရာသီတစ်ပတ်ပြီး တစ်ပတ် ။ ။

မောင်မိုးချို

သောကြာနေ့တွေဟာ ငါတို့အတွက် မလုံလောက်တော့ဘူး


မနက်ဖြန်သောကြာနေ့ ဖြစ်မယ်ဆိုရင်ပေါ့


ဒါဟာ ငါတို့ နှစ်ယောက်ရဲ့ အားလပ်ရက်ပဲ


မိ ချို . . . ငါမင်းကို . . ငါက မင်းကို


နီညိုရောင်မင်းဆံပင်တွေပေါ်ပြေးလွှား


ငါ့သွေး ငါ့သားတွေပေါ် ထိုးစိုက်ခွင့်ရထားတဲ့ဓါးတစ်ချောင်း


ငါ့ပျော်ပါးမှုဟာ အလျားလိုက်ပြုံးပြခြင်း … ဖျက်ကနဲ မီးတွေလင်းသွားတယ်


နံရံပေါ်ရေးတဲ့ကဗျာ .. သူ သို့မဟုတ် သူတို့ အကြောင်းတွေ မစဉ်းစားနဲ့


ငါ့ထံပါး မင်းအိပ်မက်တွေ ခိုးမက်ပါ …


ဘ၀ ကိုထမ်းပိုးခွင့်ရသူ ငါတစ်ယောက်တည်း အတွက် မင်းသီချင်းသီဆိုပါ


လွမ်းတယ်လေ မိချို … ပကာသနတွေလို့ ပြောကြပြန်ပြီပေါ့


ကော်ဖီတွေအေးကုန်ပြီလေ .. မနက်ဖြန်တွေကို မီးရှို့လိုက်ကြတာပေါ့


လေတွေတိုက်လာတယ် မင်းနားရွက်ဖျားလေးပေါ် ငါ့စကားတွေပြုတ်ကျသွား


ကောင်းကင်တစ်ခုလုံးမည်းမှောင်သွားပါစေ … မိုးရွာခဲတဲ့ နေ့ပဲ …


ထီးအ၀ါရောင်လေးအကြောင်း .. ငါးရုပ်လေးအကြောင်း .. မြေအိုးဆိုင်အကြောင်း


ငါ စီးကရက်မသောက်တော့တာကြာပြီ … ရုပ်ရှင်ရုံတွေ မရောက်ဖြစ်တော့ဘူး


အရင်လို လက်သည်းရှည်တွေနဲ့ပဲ … ၈း၄၅ ဟာ ကဗျာဖြစ်တယ်


ရန်ကုန် - မှော်ဘီ ကားခတွေ … ဘယ်ဘက်လက်က အမာရွတ်


“ကျွန်တော်နှင့်အနီးတစ်ဝိုက်တွင်” ရွတ်မပြဖြစ်သေးဘူး


သုံးပြီးသားကဗျာစာသားတွေ … မင်းမသိသလိုမနေနဲ့တော့လေ


ဒါဟာ ကျစိမ့်တစ်ခွက်ပဲ .. ပေါင်မုန့်မီးကင်တစ်ချပ်ပဲ … နှင်းဆီဝါတစ်ပွင့်ပဲ


အခုခဏမှာ . . . . .


၁ . ငါအိပ်ပျော်နေတာပဲဖြစ်ပါစေ


၂ . ဒီနေ့အတွက် ဒါဟာ ၈း၄၅ မကျော်သေးတာပဲဖြစ်ပါစေ


၃ . ကျေးဇူးပြု၍ ဒီနေ့ သောကြာနေ့ မဟုတ်ပါစေနဲ့


မင်းသိပါတယ်လေ ငါဟာ ချစ်ရူးရဲသူဖြစ်ကြောင်း …


နှလုံးရောဂါသည်တစ်ယောက်ဖြစ်ကြောင်း ...


မင်းမကြိုက်တဲ့ အားငယ်ရောဂါရှိသူဖြစ်ကြောင်း …


ငါ့သွေးသားတို့ကို နှိပ်စက်ပါ .. ငါဟာ ကျေးကျွန်ဖြစ်တယ်


ငါ့ကိုချစ်ပါ .. ဒါဟာ ကြိုတင်ကြံရွယ်မှုပဲ … ၁ ၊ ၂ ၊ ၃ ၊ ၄ နှစ်


လက်စွပ်လေးပျောက်သွားပြီ … တနင်္လာနေ့တွေက ငါ့ကို အလုပ်များစေတယ်


၃ လပိုင်း ၇ ရက်နေ့ ဟာ ပုံပြင်မဟုတ် ဘူး … အတူနေချိန်တွေ နည်းသွားတာကလွဲရင်


အိပ်ယာထတယ် ကော်ဖီသောက်တယ် မျက်နှာမသစ်ဖြစ်ဘူး …


အရင်လိုဖွာစရာ စီးကရက်တွေမရှိတော့ဘူး ( စီးကရက်တွေ အများကြီးမသောက်တော့ဘူး)


မင်းဓါတ်ပုံရှေ့မှာကဗျာရေးတယ် … ဖုန်းသံကိုမျှော်တယ်


ဒါဟာ ငါ့အိမ်တွင်းရုပ်ရှင် ဒါမှမဟုတ် ပြကွက်တစ်ခုပဲ … ဆူညံလွန်းတဲ့ ရင်ဘတ်ကိုမေ့ပါ


ငါ ဆုတွေ အကြိမ်ကြိမ်တောင်းတယ် မနက်ဖြန်တွေ သောကြာနေ့ဖြစ်ဖို့


ကော်ဖီက ခါးလွန်းနေတယ် … ဒါဟာ သောကြာနေ့ မနက်မဟုတ်ဘူး


ငါ့နားတို့ကန်းပေါ့ … ဖုန်းသံကလွဲရင် ဘာဆိုဘာမှမကြားရတော့တဲ့အထိ


ငါ့မျက်လွှာကို မင်းနှုတ်ခမ်းတို့ဖြင့်ချော့သိပ်ပါ ထွေထွေးထူးထူးတော့မဟုတ်တော့ဘူး


အဲဒီနေ့ဟာ သောကြာနေ့တွေဖြစ်မယ်ဆိုတဲ့အကြောင်း …


မိချို မင်းနာမည်ရွတ်မယ် .. မင်းကိုချစ်တဲ့အကြောင်းပြောမယ် …


ဟုတ်တယ်လေ ငါမင်းကို ချစ်တယ်ဆိုတာကို သေကြာနေ့တွေမှာ ပြောမယ်


မနက်ဖြန်တိုင်းဟာ သောကြာနေ့တွေ ဖြစ်မယ်ဆိုရင် …



မောင်မိုးချို

သီချင်း

လမ်းမများ ပေါ်မှ လမ်းများနေတဲ့ကောင်ရဲ့ အိပ်ရာဝင်တေးပဲ ။ လမ်းတိုများ အဝေးပြေလမ်းများ ။

သွေးသားဆန္ဒများ ။ ဗာဒံပင်အာက်ကချိုပေါ့ ။ နှင်းဆီတစ်ပွင့် ဆူးနွင်ခံလိုက်ရပြီ ။ ခိုဖြူတွေထပျံသွားတယ် ။

ညမအိပ်သူတစ်ယောက်ရဲ့ တစ်ထောင်တစ်ည ပုံပြင်လည်း ဟုတ်တယ် ။ ဆေးရောင်တောက်လွန်းတယ် ။

အဖြူအမည်း မကွဲဘူးဆိုတော့ ။ တီးလုံးနဲ့ ပါးစပ်နဲ့ မကိုက်ဖူး ။ ပြန်စမယ် ။ ၁ ။ ၂ ။ ၃ ။ လိင်စိတ်ကြွမှု ။

ဧည့်ခန်းဆောင်မှ ဈာပန ။ ဆေးရုံနံ့တွေရလာပြန်ပြီ ။ ပြန်တာလား ။ ပြန်လာတာလား ။ နှုတ်မဆက်နဲ့ ။

စစ်ပြီးခေတ်လို လေသံက မာမာပဲ ။ စနေထောင့် ။ အမျှဝေသံ မကြားတစ်ချက် ကြားတစ်ချက် ။

လမ်းမီးတိုင်များ ။ ဟော မိုးမိခံလိုက်ရပြီ ။ ဒီဂျေမပါဘူးလေ ။ ကော်ဖီတစ်ခွက် အထီးကျန်မှု ကရော ။

စီးကရက် နဲ့ ဒီကောင် ဘယ်မိုင်တိုင်ထိ ဝေးပါသလဲ ။ လေသံ နည်းနည်းပျော့လာပြီ ။

ကန်တော်ကြီးနဲ့ ချစ်ကြောင်းကြိုက်ကြောင်း ။ ထမင်းရည်ချောင်းစီး ပြီးတော့ အရာရာ အဆင်မပြေဘူး ။

မီးလုံးတွေ မလင်းတော့ဖူး ။ ယာဉ်တိုက်မှု ။ ယဉ်ကျေးမှု ။ မုဒိန်းမှု ။ ကျောင်းမတတ်ဖြစ်တော့ဘူး အမေ ။

လမ်းလျှောက်ရတာ နေသားတကျရှိတယ် ။ အီးခေတ် ။ ဆေးလိပ်တွေ မီးခိုမထွက်တော့ရင် ဘယ်လိုလဲ ။

အဖေနဲ့ အမေ အစဉ်ပြေနေရင် သိပ်ကောင်းမှာပဲ ။ အကြွေများ အကြွေးများ ။ ငါနဲ့ မကင်းကြသေးသူများ ။

အရင်လိုသွားပြီး ပြန်မလာကြဘူး ။ လမ်းတွေမကောင်းတော့ဘူး ။ ဖာရာထေးရာတွေပေါလာတယ် ။

ကဲ မျက်နှာဖုံးချွတ်ကြပြီ ။ ဘီလူးလား မင်းသားလား ။ ပြုံးလိုက်ပါ ... ဟုတ်ပြီ ။ ရိုက်မယ် ။ ပြုံးလိုက်ပါ ။

နာနာကျင်ကျင်ပေါ့ ။ ခေါင်းမဖြီးနဲ့တော့ ။ ကဒ် ။ လက်ကျန်ရှင်းကြမယ် ။ တစ်လုံး တစ်ပိုင်း ။

အကြော်စုံတစ်ပွဲ ။ ညဆိုအော်မယ် ဒီသီချင်းပဲ ။ ပြန်စရာမလိုဖူး ။ ကိုယ်ထင်သမျ မြေပြင်လည်း ရွှေနန်းပဲ ။



မောင်မိုးချို

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်