ထသွားတုန်းတည်းက ပြန်လာမယ်လို့ မတွေးဘူး
လူသေးသေး အရိပ်ရှည်ရှည်နဲ့ကောင်
လေတစ်လုံး မိုးတစ်လုံး နဲ့ မိုးမမြင်လေမြင်နဲ့
လေမလုံ မိုးမလုံကောင်လေ
အရိုးအပြိုင်းပြိုင်းထနေတဲ့ ထီးတစ်ချောင်းအောက်ကနေထွက်သွားပြန်ပြီ
စီးကရက်က တကားကားနဲ့
ဒီတစ်ခါတော့တကယ်ပေါ့ ။ ရွေးကျန်တွေ အဖိုးတန်မယ်ဆိုရင်တာတွေ ။
ပြောပြန်ပြီ အဖြစ်က မနှစ်ကနဲ့ မတူတော့သလိုမျိုး
ပြောပြန်ပြီ ကြာကြာဝါးပြီးမှ ထွေးထုတ်မိတယ်လို့ ။
ပြေပြန်ပြီ မတူဘူး မတန်ဘူးတွေ
လမ်းမလျောက်ဖြစ်တော့ဖူး ။ ကားမစီးဖြစ်တော့ဖူး ။
လ္ဘက်ရည်တွေအေးလာပြီဆိုတာတွေ ။ အရက်ဖြူပဲကောင်းပါတယ်ဆိုတာတွေ
ရာသီဥတု မင်းဘက်မပါဘူး ငါ့ဘက်လည်းမလာဘူးဆိုတာတွေ ။
ဖြစ်ပျက် ပျက်ဖြစ် ။
ချစ်တာအပြစ်လားဆိုတာလို လူငယ်ဘ၀ က ဘ၀ကူးမကောင်းတဲ့အချိုးမျိုးချိုးလာပြီ ။
လောကမှာ နံပါတ်တစ်ဆိုပြီး
ဟော လက်မထောင်လိုက်လက်ညှိုးထိုးလိုက် ။
နောက်ကို ဓါးမထောက်သရွေ့တော့ ဒီကောင်ဓါးပြဘယ်ကြောက်မလဲ
ကျောသားရင်သား မခွဲဘူးဆိုပြီ အိမ်ကြက်ချင်းဆိုတော့လဲ ပ၀ါမကူ ရေမရှူကြေးပေါ့ဆိုတာတွေ
။ ၁ ၂ ၃ . . . ။
ဘယ်အကြိမ်မြောက်ပြောမိပြန်ပြီလဲ ။
ရွှေဈေး ဒေါ်လာဈေး ဆိုတာ ရွှေဝတ်တဲ့ဒေါ်လာစားပဲလိုတာပါဆိုတာတွေ ။
အာရုံကောင်းကောင်းမရဖူး ။ အရုဏ်တက်တည်းက နဖူးကချွေး ခြေမပေါ်ကျပြီ ။
ကြိုက်မရှက် ငတ်မရှက်ဆိုတာတွေ ။
တစ်နေ့ တစ်လံ နဲ့ ပုဂံကတော့ ဘယ်မှမပြေးဘူး မရောက်တာက လွဲရင် အကုန်ဖြစ်တယ် ။
လူငယ်ခြေတက်တွေ ။
လူကြီးခြေတက်တွေ ။
နေရာမယူတတ်သရွေ့တော့ နေရာမဖယ်ပေးကြေးပေါ့ ။
ချောက် ချောက် ချောက် ။
နောက်တစ်ခေါက်ကျည်ကုန်ပြန်ပြီ ။ ဟော . . . ဒီကောင်ပြန်လာနေပြီ
ခါးထောက် လမ်းလျောက် ၂၀ ရာစုတစ်လျောက်လုံး ဘာမှမဖြစ်တဲ့ပုံနဲ့
၂၁ ရာစုထမ်းပြီပြန်လာပုံမျိုး
လ္ဘက်ရည်ဖိုးနဲ့ ညနေစာဖိုးလောက် နဲ့ . . .
မောင်မိုးချို
အိမ်ပြန်နောက်မကျတဲ့နေ့ . .
အမည်ပေးရန်မေ့လျော့ခဲ့သည်
ဘာတွေလဲ ဘာတွေလဲ ပြီးတော့ ။ ပြီးတော့ နောက်ကောက်ချလိုက်ပြန်ပြီဆိ
ရပ်တန့်ထားကြသည် ။ စီထားပါ ၊ ကစားမလား ပြီးတော့ သွားမလား နားမလား
ရပ်ထားခြင်းဖွင့် အရင်တံခါးများပွင့်မလာကြချေ
ကားတွေလည်းပေါတယ် ကားနဲ့ဆိုကားတာတွေပေါလာတယ်
ကျားတွေပေါလာတယ် စားတတ်သောက်တတ်ကြောင်တွေပေါ
မြို့လည်မှာ တောမီးတွေ ထထတောက်တယ် နေဆိုလည်းနေ့ ညဆိုလည်းည
ဘာမဆြို့ဖစ်သွားနိုင်တဲ့ ၂၁ ရာစုမှာ ကျုပ်တော့ ဘာမှမဆိုမဖြစ်လာသေးဖူး
(ကြောင်တွေ ကျားတွေ မဖြစ်တာပြောပါတယ်)
ကော်ဖီတစ်ခွက်နဲ့ ခဲတံတစ်ချောင်း
တန်ရာတန်ရာပြောရတာဆိုတော့ မတန်ရာ မတန်တာတွေ မပါတာပဲကောင်းတယ်လေ
စာရွက်ပေါ်ကျလာသော အတိုအထွာ စကားများ
ညရေးညတာ အစဉ်မပြေဘူး .. နေရေးစားရေးအစဉ်မပြေဖူး
တစ်ခုမှကိုအစဉ်မပြေဖူး ။ ဒီသစ်ရွက်လေးကြွေသလို များကြွေကျသွားမလား
လေတိုးသံသဲ့သဲ့ကြားရတယ် .. ဘာဖြစ်ပါသလဲ ။ ဘာဖြစ်ပါသလဲ
ဘာမှမဖြစ်သရွေ့ ကျုပ်တို့ကတော့ ဆက်မောင်းရမှာပဲ
စိတ်အစဉ်လိုက်သွားရာမှာ လမ်းတွေလား
အကန်းတွေအလား အကြမ်းတွေလား အစမ်းတွေလား
အဆန်းတွေလား အနမ်းတွေလား နှုတ်ခမ်းတွေလား
အကြောင်းအရာ ... ယနေ့တွင် ကျွန်တော့်အိမ်အတွင်း စကားလုံးများ လောင်ကျွမ်းသွားခြင်း
မီးသွေးခဲလက်တစ်ဆုတ်စာလေးတွ
အဖေရယ် အမေရယ် .. ရယ်ရယ်မောမော မရှိတာကြာပြီ
ကျုပ်မောတယ်ဗျာ .. အရှေ့မှာ ရှောပင်းစင်တာတွေ တိုးတိုးလာတယ်
တိုက်တွေ တိုးတိုးလာတယ် ... ပစ္စည်းအသစ်မဆန်းတွေ ပစ္စည်းမသစ်အဆန်းတွေ တိုးတိုးလာတယ်
ကျုပ်အိပ်ကပ်ထဲမှာ အကြွေးတွေတိုးတိုးလာတယ် ကျုပ်အသံလည်းတိုးတိုးသွားတယ်
သရဖီရေ ... လမင်းရေ ... နာမည်လှလှလေးတွေ ..
အနှိပ်ခန်းတွေထဲ .. ကေတီဗွီတွေထဲ ပြုတ်ကျသွားတယ်
စိတ်တွေကရောက်ကရက် ... မနက်ဖြန်များ ... ဒီနေ့များ ညစာဟင်းမချက်နိုင်ခြင်းများ
ကျုပ်တို့နေသားသကျရှိလွန်းတ
နေတတ်သရွေ့ကျေနပ်စရာတွေပါပဲ
ဖျားနာခေါင်းကိုက်ရှိတယ် ... မွေးရာပါအစာအိမ်ရှိတယ်
သွေးကင်ဆာလှလှလေးတွေရှိတယ် ...
ဆေးခန်းကြီးကြီးတွေရှိတယ် .. ဆေးခန်းသေးလေးတွေရှိတယ်
အထူးကုတွေ မထူးလည်းကုတယ် ထူးလည်းကုတယ်
ဆေးမသောက်လိုက်ရတဲ့ အလောင်းတွေ
ဆေးသောက်များတဲ့ အလောင်းတွေ
မမှားသောရှေ့နေ မသေသောဆေးသမား
မမှားသောသမားတော် ... အေးလေ ရှိမှမရှိတာ
အရာရာ နေပျော်တယ် အရာရာ သေပျော်တယ်
ဟေ့ . . . ခဏစောင့် ငါပြောတာ မဆုံးသေဘူး
( ကျုပ်ပြောသံ မဆုံးသေဘူး )
ဘယ်ဂါထာရွတ်ရင် ဘယ်ရွာရောက်တယ်
ဘယ်မမှားရင် ညာလည်းမမှားဘူးပေါ့ . . လက်ခုတ်တီးမယ်ဆို လက်နှစ်ဖက်ရှိကြပါစေ
မောင်မိုးချို
မြို့ကြီးသားရောဂါ ( ၁ )
ပြောမပြချင်တော့လို့ဆိုရင်
ဒီနေရာမှာရပ်ရတော့မလို
ISO လက်မှတ်မရရှိထားသော
မရှိမဖြစ် မီသွေး
စီးကရက် နှင့် အရက် ကြားရှိ
လူငယ်ယဉ်ကျေးမှု
ထူးခြားဖြစ်စဉ် မကင်းမဲ့ကာလ
အဲကွန်းဘတ်စ်ပေါ်မှ စကားသံများ
အဲကွန်းခန်းထဲမှ စကားသံများ
၅၀ နှင့် ၁၀၀ တန် ထမင်းငတ် ဘ၀များ
တစ်ည လေးသောင်းတန် ဘ၀ များ
ပြောမပြချင်တော့လို့ ဆိုရင်
ဒီနေရာမှာ ရပ်ရတော့မလို
မီးရောင်စုံအောက်မှ
မှတ်ပုံတင်ထားခြင်းမရှိသော
ဆေးရောင်စုံ သွေးသားရောင်းကုန်များ
ဘယ်သူမှန်မှန် ကိုယ်ကမှားရမယ်ဆိုတဲ့
အဆီပြန်မျက်နှာများ
မီးစက် နှင့် ကေတီဗွီ
ကြွပ်ကြွပ်အိပ် နှင့် နိုက်ကလပ်
အင်တာနက်နှင့် မီးပျက်ခြင်း ရောဂါ ဆင့်ပွားဖြစ်စဉ်
ပြောမပြချင်တော့လို့ ဆိုရင်
ဒီနေရာမှာ ရပ်ရတော့မလို
ဟုတ်ကဲ့
ရောက်ရာ အရပ် က သာဓုခေါ်ကြပါ
ရေသန့်ဘူးခေတ် ဖြစ်ထွန်အောင်မြင်ခြင်းနှင်
ရေအိုးစင် ရှားပါခက်ခဲမှုပြဿနာ
H1N1 / H5N1
ကျေးဇူးပြု၍
ကန်ဇွန်းရွက်များ ရောဂါကင်းရှင်ပါစေသား . . . .
မောင်မိုးချို
လူနာမှတ်တမ်း (၁)
ဘာလိုလိုနဲ့ တစ်လဆိုတာကို
ပြက္ခဒိန်က ဖြုတ်ချလိုက်ရတယ်
ရင်နာတယ် မကြည်ပြာ
ရင်နာလောက်အောင် ရင်နာပါတယ်
လွမ်းရတာ လက်နှစ်ဖက်လုံးမဆန့်တော့ဖူး
ထပ်ပြောမယ်
ကျွန်တော့် ကမ္ဘာနဲ့မဆန့်ဘူး
လူ့ယဉ်ကျေးဥပဒေ နဲ့
ဝင်မဆန့်တဲ့ကောင်ဆိုတော့လဲ
မုန်းလိုက်ပါ မကြည်ပြာ
မုန်းလိုက်ပါ
လူတစ်ယောက်ကို သတ်ဖို့ဆိုတာ
( လက်ညှိုးလေး ကွေးတတ်မှ မဟုတ်ဘူး)
စကားလေးတစ်ခွန်းပါပဲ
ဟုတ်ပါတယ်
စကားလေးတစ်ခွန်းပါပဲ မကြည်ပြာ
ကျွန်တော် အိပ်မက်ကို ကောင်းရာမွန်ရာ သဂြ်ုလ်ပေးပါ
ဘာမှ မလိုဘူး
ဘာဆို ဘာမှ မလိုဘူး
ဖြစ်နိုင်ရင်သာ ယဉ်ယဉ်လေး ရိုင်းပေးပါ
ကျွန်တော် ဒီဖိနပ်လေးပဲစီးပြီးသွားပါေ
ရောက်ရာအရပ်က သာဓုပဲခေါ်ပါ .. အမျှမဝေပါနဲ့
ကျေးဇူးလည်းမတင်ပါနဲ့
ကျွန်တော်က မကြည်ပြာ အိပ်မက်လောက် မခမ်းနား ပါဘူး
ကျွန်တော့် ရင်ဘတ်ကိုက
အနာတခြား ဆေးတစ်ခြား နွေအတု တစ်ခုပါပဲ
ဘယ်တော့မှ ကမ်းကုန်အောင် မလွှင့်ရသေးပါဘူး
ခရီးတစ်ထောက်နဲ့တင် ရေတိမ်မှာ
ကောင်းကောင်းနစ်တတ်ခဲ့ပါပြီ
သြော် မကြည်ပြာ ရယ်
ကျွန်တော် အိပ်မက်တွေ ကိုဗွေမယူပါနဲ့
သူတို့ က မကြည်ပြာမှ မကြည်ပြာပါပဲလို့
သံသရာတစ်ပတ်စာ တံဆိပ်ကပ်ထားတာကို . . .
မောင်မိုးချို