အကယ်ဒမီစာရင်း မ၀င်တဲ့ဇာတ်ကား

ရင်ဘတ်တွေ ရင်ပုံတွေ ဘယ်ဈေးဘယ်လောက် ရင်သားတွေ ယဉ်ကျေးမှုတွေ ယဉ်ယဉ်လေးနဲ့ ရူးသွားလောက်တယ်ဆိုတော့ နောက်ထပ် အဆင်းတစ်ခုကို ဘီးတွေ တပ်ပေးလိုက်ကြ ခေါင်းလောင်းထိုးတယ် အမျဝေတယ် ရေစက်ချတယ် ရေစက်တွေကျလာတာကို လက်နဲ့ သပ်တင်လိုက် ခေါင်းမော့လိုက် မျက်ရည်တွေ ခါ ထုတ် လိုက် တမ်းပြေးတမ်းကစား နေသလို ဘ၀ က နေသားတကျ မောမောလာ လက်ကျန် ကို မော့ချလိုက် လည်ထွက်သွား အောင် ထိုးချလိုက် နံရံနဲ့ဆာင့်လိုက် နံရံတစ်ချပ်ကို စောင့်ကြည့်နေလိုက် အခန်းလွတ်ထဲ ပိတ်ချသွားတဲ့ သော့ခလောက်လို နာနာကျင်ကျင် ခပ်ပါးပါးလေး ဖြုတ်ချခံလိုက်ရတာဆိုတော့ အသံ က အသံကို မကြားနိုင်တော့ ဘူး တစ်လုံးဆောင် ကျုပ်တို့ ဘယ်တော့ ဆင်းရဲတွင်းကတက်မ လဲ ကျသွားတဲ့ စိတ်ကို ထထနှိုးရလောက်အောင် ပတ်ဝန်းကျင်က ဆူညံလွန်းတယ် ဆန္ဒနဲ့ သိက္ခာတွေ ထိုးကျလာ သူလား ငါလား လားလားမှ မဆိုင်တဲ့ လူတွေနဲ့ ဂျပ်ပင်ထိုးမရ ဟိုမရောက် ဒီမရောက် ခရီးကို ငါတို့ နှစ်ယောက်လျောက်မယ်ဆိုတဲ့ ကတိကို ဘယ်သူက စဖျက်ခဲ့ သလဲ ဆိုတဲ့ ပုံပြင်တွေ ပုံပျက်ပန်းပျက် ထိုးထွက်လာတော့ ငါတို့ သမိုင်းဆိုတာ ပိတ်ထားတဲ့ ဗလာစာအုပ်ထဲ လက်ရေးစုတ်စုတ် တွေနဲ့ပါ သွားတာ လာတာ ဂရုစိုက်ပါ အမေစိတ်မချတဲ့ သားကို အမေစိတ်ချဖို့ အမေနေကောင်းပါစေလို့ အမြဲဆုတောင်ဖို့ ဘာလုပ်ဖို့ ညာလုပ်ဖို့ ဆိုတဲ့ ဆင်ခြေဆင်လက်တွေ လက်လက်ထနေတဲ့ အတန်းအစားတွေ တယောက်တလှည့် မောင်းဖြုတ်ချဖို့ ၀န်မလေးတဲ့ အလွှာမှာ တယောက်တစ်ချက် မောင်းထုတ်ကြ မောင်းထွက်သွားတဲ့ စိတ်ကို လိုက်ဖမ်းရတာနဲ့ လူက လူမပီသတော့ ပီပီသသ ရေးရွတ်လိုက်တဲ့ အမိန့် နဲ့ ထောက်ခနဲ့ ပြတ်သွားတဲ့ကြိုးက ပန်းတွေ တစ်စချင်းလွင့်ထွက်သွား ရောက်ရာ အရပ်က ပြန်လာခဲ့ပါတယ် ဖိနပ်ကြိုးချည်ဖို့ မမေ့ခဲ့ ရေခပ်ဖို့ မမေ့ခဲ့ဘူး ရေမပါခဲ့တာကလွဲရင် အရာရာ အဆင်ပြေပါစေအမေ သားလည်းနေကောင်းပါတယ် ဘယ်ဘ၀ကို အပြစ်တင်မယ် လို့တွေထားတယ် ဘာလုပ်ဖြစ်မယ်လို့တွေးထားတယ် ခုတ်ရာတခြား ထိရာတခြား နထင်ကိုဖေါက်ထွက်သွားတဲ့ ကျည်ဆံက မနက်ဖြန်ထဲကို ပိဿာလေးနဲ့ တည့်တည့်ပစ်ထည့်လိုက်တာပေါ့ သူတို့ ငါတို့ ဖိနပ်ကြိုးတွေချည်လိုက် လမ်းတွေ လျောက်လိုက် . . . သင်္ကြန်အမြောက်လို ချိန်ရတာလွယ်သလောက် ပစ်ရတာသိပ်ခက်တဲ့ လူတန်းစား ဆိုတာ ဆိုင်းဆရာရေ . . . လိမ်ဖယ်လိမ်ဖယ်လေး နဲ့ ပြ . . .

မောင်မိုးချို

5:214PM ( ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)

၂၀၁၁ခုနှစ်၁၀ရက်၈လပိုင်း

လိုင်း ဆွဲ အား က မ ထိ တ ထိ

ပြော ရ ဆို ရ အာ မ ထိ လျှာ မ ထိ ဟို ထိ ဒီ ထိ ဒီ နား ရောက် တဲ့ အ ထိ ( Space ကို ရွေ့ ) တစ် ယောက် တစ် ပေါက် / နှစ် ပေါက် / နှစ် ပေါက် အောင် ထား လိုက် တော့ ဖုန် ခါ လိုက် တိုင်း ပေါက် လွတ် ပဲ စား တွေ ပဲ ထွက် ကျ လာ / လာ ကြ လေ ဒါ ကုန် ရင် ပြည် တော် ပြန် မယ့် ရ ထား လည်း ဆိုက် / ဆိုက် ကား ဂိတ် ကား ဂိတ် နား ပိတ် ပြီး ခေါင်း ငြိမ့် ရ တာ လောက် သ ဘော ကျ စ ရာ ကောင်း တာ ဘယ် ရှိ မ လဲ / ဘာ ရှိ သေး လဲ / လဲ လို့ ရ တာ အ ကုန် လဲ အ စိမ်း လဲ မ လား အက်ဖ် အီ စီ လဲ သွား မ လား လူ ငယ် ဆို တော့ လဲ သွား လည်း င နီ နဲ့ ကျွေး ထည့် လိုက် တာ ပဲ ဘယ် သူ့ ဂ ရု စိုက် ရ မ လဲ *ကိုယ့် ယဉ် ကျေး မှု နဲ့ ကိုယ် ရိုင်း ပါ တယ်* သူ ရိုင်း ပါ တယ် ရိုင်း ပင်း ပါ တယ် ကူ ညီ ပါ ဆား မ ပါ တဲ့ ဟင်း တစ် ခွက် ဒေါက် ခ နဲ့ ပစ် ချ လိုက် ထ မင်း စား ပွဲ ကို ကန် ထုတ် လိုက် လူ ဆင်း ရဲ လပ်ဖ် ဆင်း က ဒီ လို စ တာ / စ တာ နောက် တာ နောက် ခံ လူ မ ပါ ပဲ တော့ ကျူပ် တို့ ဘယ် ပွဲ ထွက် လို့ ဖြစ် မ လဲ ကွင်း လယ် ကို ဖြတ် တင် တယ် ကွင်း ပြင် က ရိုက် ချ တယ် ကွင်း ပစ် တယ် ဂျက် ပစ် တယ် ကင်း ပယ် တယ် ကျ တယ် တက် တယ် မီး လာ တုန်း လေး ရေ တင် ရ တာ ပါ ဗျာ ပေါ့ ( ကိုယ် တို့ ခေတ် က အေး အေးဆေး ဆေး ) ရှည် ဝေး ဝေး မ တွေး နဲ့ နီး ရာ ဓား ကြောက် ရ တာ ဆို တော့ ခေါင်း သာ ငြိမ့် ပြ လိုက် ပန်း တွေ လဲ ပွင့် လို့ တစ် ပွင့် နှစ် ပွင့် တစ် ခက် နှစ် ခက် ခက် ခက် ခဲ ခဲ ထုတ် ဆွဲ ထုတ် ပြီး န ထင် ပေါ် ထောက် ချ လိုက် တော့ ချောက် ခ နဲ့ ကျည် တွေ အ ထွေး လိုက် ကြွေ ကျ လာ ... ကဒ် !!

မောင်မိုးချို

4:25PM ( ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)

၂၀၁၁ခုနှစ်၁၄ရက်၇လပိုင်း

နေ ရ တာ ပျော် စ ရာ ပဲ

စ ကား က တောင် တစ် လုံး မြောက် တစ် လုံး နှ လုံး သား နဲ့ ရင်း ထား တဲ့ သံ ယော ဇဉ် ဆို ပြီး နှစ် လုံး သုံး လုံး တစ် လုံး နဲ့ လုံး လည် ချာ လည် လိုက် နေ တာ ပေါ့ ဆို တော့ ပြော မ ရ ဆို မ ရ အ ရင် မ ယား နဲ့ ရ တဲ့ မယား သား ခါး လိုက် တဲ့ အ ကြည့် က ရေ ရော သောက် လိုက် ကြည့် ရေ မ ရော တော့ ပို ချို သ ဗျို့ လို လို မည် မည် အ မည် ပေါက် လျှောက် ထား တဲ့ အ ရင် ရည်း စား ကို ခေါက် ချိုး ဈေး နဲ့ ထုတ် without လောက် ကို နံ ပါတ် ပြား ကတ် ပေါက် ဈေး က လက် လုပ် လက် စား လောက် တော့ ထ မင်း ငတ် သွား လောက် သ တဲ့ ကျီး ကြည့် ကြောင် ကြည့် ကြည့် မ ရ တော့ ပိတ် ပစ် လိုက် တော့ ည က ၈ နာ ရီ သူ့ ဖုန်း သံ လေး ထဲ ရွင်း တုံး သံ တွေ ဆူး ဆူး ပြီး ၀င် လာ တဲ့ အ ခါ မျို မ ကျ ဖူး တဲ့ သူ က ကျွန် တော့် အိပ် မက် ပါ ပဲ အိပ် ဆေး တွေ သောက် အိပ် ရောက် ရာ အ ရပ် မှာ နှိုး ဖို့ ပြော တဲ့ သူ ငယ် ချင်း က နံ ရံ တွေ ကြား ကို မ ကြောက် မ လန့် နဲ့ ၀င် သွား တာ ကြာ ပေါ့ ပေါ့ ကျ တစ် ခွက် ရူ ဘီ တစ် ပွဲ ခက် တာ က ကျုပ် ဆေး လိပ် ဖြတ် လိုက် တာ တ ချို့ က မ သိ လို့ ကျုပ် ကို မီး လာ လာ ညှိ ကြ စပ် ဖျင်း ဖျင်း နဲ့ သိပ် ဖျင်း တဲ့ စ ကား တွေ ဆက် မ ပြော စမ်း ပါ နဲ့ င ပိ ချက် နဲ့ ကျုပ် နဲ့ ပါ လေ ရာ ပေါ့ ထ မင်း ဆီ ဆမ်း ရွှေ လင် ဗန်း ထဲ ထည့် ဗန်း တွေ ခင်း လို့ ရ တာ က ၃ နာ ရီ ည နေ ဆို ... ဟုတ် ကဲ့ ည နေ ဆို လေ က လေး ပြို လာ ပြီ အ ပြို မ လေး တွေ ဈေး ဗန်း ခင်း တော့ မယ် DJ က ဖွင့် လိုက် တဲ့ သီ ချင်း က "ငါ -မင်း- ကို သတ် ချင် တယ်" ကျေး ဇူး ပြု ၍ သေ ချာ နား ထောင် စေ လို ပါ တယ် အခု အ ချိန် ဟာ ပူ ပြင်း ခြောက် သွေ့ သော ရာ သီ ကို ရောက် လာ ပြီ ဖြစ် တာ ကြောင့် အ ခန်း တံ ခါ များ သေ ချာ ပိတ် ထား ပေး ဖို့ သ နတ် သံ ကြား တိုင်း ထ မ ကြည့် ဖို့ နဲ့ ကို ရီး ယား ဇတ် လမ်း တွဲ တွေ သိပ် မ ရှည် ကြ ဖို့ ဖို့ ထား တဲ့ လမ်း တွေ ပြန် မ ဖာ ဖြစ် တော့ ဘူး လား သူ လား ငါ လား စီး ပြီး သွား တဲ့ ဖိ နပ် က နောက် မီး လင်း နေ တာ ကြာ ပေါ့ စ ကား လုံး အ တို အ စ တွေ ကောက် ကပ် ကပ် မ ရပ် ပါ နဲ့ နှစ် ထပ် မ ရပ် ပါ နဲ့ လျှာ နဲ့ လျှက် ကြည့် လို့ မ ရ တော့ ခင် ဗျား စကား ခါး လား ချို လား ကျုပ် ဘယ် သိ မ လဲ လဲ ကျ သွား လောက် ရုံ နဲ့ တော့ ကျုပ် ကို ရပ် ထား ခဲ့ လို့ ရ မယ် ထင် ထား သ လား မ သိ သူ မ သိ ငါ မ သိ ညီ အစ် ကို မ သိ တ သိ အ ချိန် လောက် ကျုပ် ဘေး က တံ ခါး ကို လာ ဖွင့် တော့ အော် ဒါ မ ရှိ တဲ့ သူ ငယ် မ က ဟန်း ဖုန်း နံ ဆူး ဆူး နဲ့ နဲ့ အောင် လာ နှဲ့ တာ လောက် တော့ ဒီ အ ခန်း က ဆင် ဆာ မိ ပြီ ပြီ တီ တီ နဲ့ ဆို ပဲ ရုပ် က လုပ် ကွက် က ရိုး ရိုး ရိုး ရိုး တန်း က လိုက် ရှိုး ရ တာ ဆို တော့ အောက် ဖဲ ခိုး ခိုး ကြည့် ရ ရ သ မျ လေး နဲ့ ပဲ လုပ် စား လိုက် တယ် တည် ထား တဲ့ ထ မင်း အိုး က ခု မှ ကျက် ကျတ် ထား သ မျ စ ကား နဲ့ ပြော ရ ရင် ဟုတ် ကဲ့ ကျွန် တော် နေ ကောင်း ပါ ပြီ . . .

မောင်မိုးချို

5:15PM (ရန်ကုန်တိုင်းဒေသကြီးစံတော်ချိန်)

၂၀၁၁ခုနှစ်၁၂ရက်၇လပိုင်း

21 century ပြီးတော့ ဘေးက လူက စွတ်ကျယ်လက်ပြတ်နဲ့

ခုန်ချ/တက်ပစ်လိုက်ဖို့ ခုန်တာနဲ့ အချခံရဖို့များ (လား) ။ နားထင်မှာလာထောက်ထားတဲ့ လက်ညိုးက အငွေ့တလူလူ ။

သူတစ်လူ ငါတစ်မင်း ။ ကဲချင်တိုင်းကဲနေရတာဆိုတော့ မိမဆုံးမ ။ ဖမဆုံးမ ။ စုန်းစုန်းမမြုတ်မရုံလေး

အဆင့်အတန်းက ဒီလို ကြည့်ရတာ မျက်လုံးထဲ သိပ်မလှတော့ဘူး ။ ပွဲမလန့်ခင် ဖျာကြိုခင်းတဲ့ လုပ်ပေါက်

ဟိုခုန်ကူးလိုက် ဟိုခုန်တက်လိုက် ဟိုခုံလုလိုက် ။ လူငယ်ဆိုတဲ့စိတ်က အညှိအဟောက် သိပ်မကင်းဘူး။

အဆဲ အဆို လည်း သိပ်မကင်းတော့ဘူး ကိုယ့်လူ ။ *ရိုင်းတာက လွယ်ပါတယ် စာသားရှေ့မှာစောက်ထည့်လိုက် ။*

စောက် အဆင်မပြေရင် သောက်ထည့်လိုက် ။ သောက်ထည့်လိုက်ရင် မူးတယ် ရူးတယ် ။

ခေတ်မကောင်းတုန်း အရူးကွက်နင်းတယ် ။ နင်းမယ် နှိပ်မယ် ။ ပွတ်မယ် သပ်မယ် ဆိုတော့ (ဒီလောက်နဲ့မရဘူး)

တစ်ဆက်ရှင် ဘယ်လောက် ဆိုတဲ့ အသံက ကျွတ်ထွက်လာတယ် ။ ကျွတ်ကျသွားတာလား ချွတ်ချလိုက်တာလား

မရိုးမရွဖြစ်အောင်လာလာလုပ်တဲ့ ရိုးရိုးလေးနဲ့ ရွတဲ့ဟာမ သိပ်သဘောကျဖို့ကောင်းပါ့ …

ဒီရက်ပိုင်း လိင်စိတ်ကကြွကြွလာတော့ နေရထိုင်ရ သိပ်အသားမကျ ။ ကျသွားတဲ့စိတ်ဓါတ်က ပြန်ကောက်မရဘူး ။

ဘေးတစ်ခန်းကျော်က အပျိုမလေးတော့ တစ်သားပြီးတစ်သားကျ (သတဲ့)

၂၁ ရာစုကိုက အနံ့တထောင်းထောင်းနဲ့ အပြောအဆို မတတ်ရင် ထုတယ်ထောင်းတယ်

ဂျင်းထည့်တယ် ။ ကျော်တယ်ခွတယ် ။ သိပ်တယ် ။ (ပြာတွေအတောင့်လိုက်ကြွေသွားပုံက အကယ်ဒမီ ရလောက်တယ်)

မလိုရင်မလိုသလို . . ဖင်ဆီခံနားကို လက်နဲ့ ဖိသိပ်ထည့်လိုက်တာပဲ ။

ပါကင်ပိတ် ရယ်ဒီမိတ် နဲ့ Export တံဆိပ် ကောင်းကောင်းနဲ့ နောက်တော့ စပွန်ဆာနဲ့

လွတ်လပ်စွာ ရောင်း . . . ၀ယ် . . . ဖောက် . . . ကား

လူပျို လူအိုမရွေး စားသုံးနိုင်ပါသည် ဆိုတဲ့ ပေါက်ဈေးက အတက်အကျ ကြမ်းတယ် ။

တစ်ခွန်တည်းနဲ့ အားမရတော့တဲ့ခါ တစ်တစ်ခွခွ ဆဲဆိုချလိုက်ရုံပေါ့ ။ကျုပ်တော့ ခြေဆေးဦးမယ် ပျော်စရာပေါ့ ။

ဟုတ်ဖူးလား ကိုယ့်လူ ။ ကိုယ့်လူ လည်း ပြာခြွေလိုက်ပါဦး ။ ကျုပ်တို့ ခေတ်ကိုက ခြေဆေးလို့ ပြာခြွေလို့ သိပ်ကောင်းတာပေါ့ ။

မောင်မိုးချို

* ကျော်ထွဋ်ဆွေ Battle Music မှ

စက္ကူစွန်လေးနဲ့ မိုးမိနေတဲ့ လူငယ်စိတ်

ကျွန်တော့်ကို လာမှန်ကြတဲ့ အမှန်တရားဟာ ရန်ကုန်မိုးလို မစဲဘူး ။

သူ့ဓါတ်ပုံလေးတွေထောင်ထားတဲ့ စားပွဲ ။

အတိတ်ကို ကျိန်စာလို ကြောက်တယ်လို့ တစ်ယောက်တည်းဆိုဖြစ်တယ် ။

အရာအားလုံးက မနေ့တနေ့က မိုးရာသီလို အားလုံးစီးဆင်းသွားခဲ့တာပဲ ။

ရန်ကုန်မိုးရွာတိုင်း သူ့အိပ်မက်လေးတွေ ချိုပါစေလို့ အမောတကော ဆုတောင်းမိတယ် ။

သူ့အရိပ်လေးနဲ့ မလွတ်ခဲ့တဲ့ ကြည်ပြာရောင်ထီးလေးကိုလွမ်းမယ် ။

မိုးရေထဲ လျောက်မယ် ... မျက်ရည်တွေ တစ်စက်ချင်းကျမယ် ။

ဒီနေ့ ပြက္ခဒိန်က ရက်ရာဇာတွေကြီးပဲဆို သိပ်ကောင်းမယ် ။

ကြည်ပြာရောင်ထီးလေးနောက် လမ်းဖောက်ပြီးလိုက်ခဲ့ဖို့ ။

ကြည်ပြာရောင်းထီလေးကို အိပ်မက်ထဲမှာ တင်ခေါ်သွားဖို့ ။

ကျွန်တော့်ဆန္ဒတွေ ရန်ကုန်မိုးတွေနဲ့ သဲထဲရေတွေသွန်ချနေမိသလို ။

ကျွန်တော် အိပ်မက်က ခဏခဏ လန့်နိုးဖို့ ကြိုးစားနေမိမယ် ။

မိုးရာသီရောက်တိုင်း မိုးမိပါစေဆိုတဲ့ ဆုကို အကြိမ်ကြိမ်တောင်းတယ် ။

ကျွန်တော့် တစ်နှစ်စာ တစ်ရာသီကို မိုးရေတွေ စိုစိုရွှဲအောင်မျော်တယ် ။

ကျွန်တော့ကိုယ် ကျွန်တော် မိုးတွေမိဖို့ တစ်သက်စာကြိုးစားတယ် ။

လူငယ်က လူငယ်မလေးကို စက္ကူစွန် အနွမ်းလေးပေါ် အိပ်မက်တွေတင် ။

မိုးရာသီတစ်ပတ်ပြီး တစ်ပတ် ။ ။

မောင်မိုးချို

သောကြာနေ့တွေဟာ ငါတို့အတွက် မလုံလောက်တော့ဘူး


မနက်ဖြန်သောကြာနေ့ ဖြစ်မယ်ဆိုရင်ပေါ့


ဒါဟာ ငါတို့ နှစ်ယောက်ရဲ့ အားလပ်ရက်ပဲ


မိ ချို . . . ငါမင်းကို . . ငါက မင်းကို


နီညိုရောင်မင်းဆံပင်တွေပေါ်ပြေးလွှား


ငါ့သွေး ငါ့သားတွေပေါ် ထိုးစိုက်ခွင့်ရထားတဲ့ဓါးတစ်ချောင်း


ငါ့ပျော်ပါးမှုဟာ အလျားလိုက်ပြုံးပြခြင်း … ဖျက်ကနဲ မီးတွေလင်းသွားတယ်


နံရံပေါ်ရေးတဲ့ကဗျာ .. သူ သို့မဟုတ် သူတို့ အကြောင်းတွေ မစဉ်းစားနဲ့


ငါ့ထံပါး မင်းအိပ်မက်တွေ ခိုးမက်ပါ …


ဘ၀ ကိုထမ်းပိုးခွင့်ရသူ ငါတစ်ယောက်တည်း အတွက် မင်းသီချင်းသီဆိုပါ


လွမ်းတယ်လေ မိချို … ပကာသနတွေလို့ ပြောကြပြန်ပြီပေါ့


ကော်ဖီတွေအေးကုန်ပြီလေ .. မနက်ဖြန်တွေကို မီးရှို့လိုက်ကြတာပေါ့


လေတွေတိုက်လာတယ် မင်းနားရွက်ဖျားလေးပေါ် ငါ့စကားတွေပြုတ်ကျသွား


ကောင်းကင်တစ်ခုလုံးမည်းမှောင်သွားပါစေ … မိုးရွာခဲတဲ့ နေ့ပဲ …


ထီးအ၀ါရောင်လေးအကြောင်း .. ငါးရုပ်လေးအကြောင်း .. မြေအိုးဆိုင်အကြောင်း


ငါ စီးကရက်မသောက်တော့တာကြာပြီ … ရုပ်ရှင်ရုံတွေ မရောက်ဖြစ်တော့ဘူး


အရင်လို လက်သည်းရှည်တွေနဲ့ပဲ … ၈း၄၅ ဟာ ကဗျာဖြစ်တယ်


ရန်ကုန် - မှော်ဘီ ကားခတွေ … ဘယ်ဘက်လက်က အမာရွတ်


“ကျွန်တော်နှင့်အနီးတစ်ဝိုက်တွင်” ရွတ်မပြဖြစ်သေးဘူး


သုံးပြီးသားကဗျာစာသားတွေ … မင်းမသိသလိုမနေနဲ့တော့လေ


ဒါဟာ ကျစိမ့်တစ်ခွက်ပဲ .. ပေါင်မုန့်မီးကင်တစ်ချပ်ပဲ … နှင်းဆီဝါတစ်ပွင့်ပဲ


အခုခဏမှာ . . . . .


၁ . ငါအိပ်ပျော်နေတာပဲဖြစ်ပါစေ


၂ . ဒီနေ့အတွက် ဒါဟာ ၈း၄၅ မကျော်သေးတာပဲဖြစ်ပါစေ


၃ . ကျေးဇူးပြု၍ ဒီနေ့ သောကြာနေ့ မဟုတ်ပါစေနဲ့


မင်းသိပါတယ်လေ ငါဟာ ချစ်ရူးရဲသူဖြစ်ကြောင်း …


နှလုံးရောဂါသည်တစ်ယောက်ဖြစ်ကြောင်း ...


မင်းမကြိုက်တဲ့ အားငယ်ရောဂါရှိသူဖြစ်ကြောင်း …


ငါ့သွေးသားတို့ကို နှိပ်စက်ပါ .. ငါဟာ ကျေးကျွန်ဖြစ်တယ်


ငါ့ကိုချစ်ပါ .. ဒါဟာ ကြိုတင်ကြံရွယ်မှုပဲ … ၁ ၊ ၂ ၊ ၃ ၊ ၄ နှစ်


လက်စွပ်လေးပျောက်သွားပြီ … တနင်္လာနေ့တွေက ငါ့ကို အလုပ်များစေတယ်


၃ လပိုင်း ၇ ရက်နေ့ ဟာ ပုံပြင်မဟုတ် ဘူး … အတူနေချိန်တွေ နည်းသွားတာကလွဲရင်


အိပ်ယာထတယ် ကော်ဖီသောက်တယ် မျက်နှာမသစ်ဖြစ်ဘူး …


အရင်လိုဖွာစရာ စီးကရက်တွေမရှိတော့ဘူး ( စီးကရက်တွေ အများကြီးမသောက်တော့ဘူး)


မင်းဓါတ်ပုံရှေ့မှာကဗျာရေးတယ် … ဖုန်းသံကိုမျှော်တယ်


ဒါဟာ ငါ့အိမ်တွင်းရုပ်ရှင် ဒါမှမဟုတ် ပြကွက်တစ်ခုပဲ … ဆူညံလွန်းတဲ့ ရင်ဘတ်ကိုမေ့ပါ


ငါ ဆုတွေ အကြိမ်ကြိမ်တောင်းတယ် မနက်ဖြန်တွေ သောကြာနေ့ဖြစ်ဖို့


ကော်ဖီက ခါးလွန်းနေတယ် … ဒါဟာ သောကြာနေ့ မနက်မဟုတ်ဘူး


ငါ့နားတို့ကန်းပေါ့ … ဖုန်းသံကလွဲရင် ဘာဆိုဘာမှမကြားရတော့တဲ့အထိ


ငါ့မျက်လွှာကို မင်းနှုတ်ခမ်းတို့ဖြင့်ချော့သိပ်ပါ ထွေထွေးထူးထူးတော့မဟုတ်တော့ဘူး


အဲဒီနေ့ဟာ သောကြာနေ့တွေဖြစ်မယ်ဆိုတဲ့အကြောင်း …


မိချို မင်းနာမည်ရွတ်မယ် .. မင်းကိုချစ်တဲ့အကြောင်းပြောမယ် …


ဟုတ်တယ်လေ ငါမင်းကို ချစ်တယ်ဆိုတာကို သေကြာနေ့တွေမှာ ပြောမယ်


မနက်ဖြန်တိုင်းဟာ သောကြာနေ့တွေ ဖြစ်မယ်ဆိုရင် …



မောင်မိုးချို

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်