စက္ကူစွန်လေးနဲ့ မိုးမိနေတဲ့ လူငယ်စိတ်

ကျွန်တော့်ကို လာမှန်ကြတဲ့ အမှန်တရားဟာ ရန်ကုန်မိုးလို မစဲဘူး ။

သူ့ဓါတ်ပုံလေးတွေထောင်ထားတဲ့ စားပွဲ ။

အတိတ်ကို ကျိန်စာလို ကြောက်တယ်လို့ တစ်ယောက်တည်းဆိုဖြစ်တယ် ။

အရာအားလုံးက မနေ့တနေ့က မိုးရာသီလို အားလုံးစီးဆင်းသွားခဲ့တာပဲ ။

ရန်ကုန်မိုးရွာတိုင်း သူ့အိပ်မက်လေးတွေ ချိုပါစေလို့ အမောတကော ဆုတောင်းမိတယ် ။

သူ့အရိပ်လေးနဲ့ မလွတ်ခဲ့တဲ့ ကြည်ပြာရောင်ထီးလေးကိုလွမ်းမယ် ။

မိုးရေထဲ လျောက်မယ် ... မျက်ရည်တွေ တစ်စက်ချင်းကျမယ် ။

ဒီနေ့ ပြက္ခဒိန်က ရက်ရာဇာတွေကြီးပဲဆို သိပ်ကောင်းမယ် ။

ကြည်ပြာရောင်ထီးလေးနောက် လမ်းဖောက်ပြီးလိုက်ခဲ့ဖို့ ။

ကြည်ပြာရောင်းထီလေးကို အိပ်မက်ထဲမှာ တင်ခေါ်သွားဖို့ ။

ကျွန်တော့်ဆန္ဒတွေ ရန်ကုန်မိုးတွေနဲ့ သဲထဲရေတွေသွန်ချနေမိသလို ။

ကျွန်တော် အိပ်မက်က ခဏခဏ လန့်နိုးဖို့ ကြိုးစားနေမိမယ် ။

မိုးရာသီရောက်တိုင်း မိုးမိပါစေဆိုတဲ့ ဆုကို အကြိမ်ကြိမ်တောင်းတယ် ။

ကျွန်တော့် တစ်နှစ်စာ တစ်ရာသီကို မိုးရေတွေ စိုစိုရွှဲအောင်မျော်တယ် ။

ကျွန်တော့ကိုယ် ကျွန်တော် မိုးတွေမိဖို့ တစ်သက်စာကြိုးစားတယ် ။

လူငယ်က လူငယ်မလေးကို စက္ကူစွန် အနွမ်းလေးပေါ် အိပ်မက်တွေတင် ။

မိုးရာသီတစ်ပတ်ပြီး တစ်ပတ် ။ ။

မောင်မိုးချို

0 အကြံပေးမှုများ:

Post a Comment

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်