သီချင်း

လမ်းမများ ပေါ်မှ လမ်းများနေတဲ့ကောင်ရဲ့ အိပ်ရာဝင်တေးပဲ ။ လမ်းတိုများ အဝေးပြေလမ်းများ ။

သွေးသားဆန္ဒများ ။ ဗာဒံပင်အာက်ကချိုပေါ့ ။ နှင်းဆီတစ်ပွင့် ဆူးနွင်ခံလိုက်ရပြီ ။ ခိုဖြူတွေထပျံသွားတယ် ။

ညမအိပ်သူတစ်ယောက်ရဲ့ တစ်ထောင်တစ်ည ပုံပြင်လည်း ဟုတ်တယ် ။ ဆေးရောင်တောက်လွန်းတယ် ။

အဖြူအမည်း မကွဲဘူးဆိုတော့ ။ တီးလုံးနဲ့ ပါးစပ်နဲ့ မကိုက်ဖူး ။ ပြန်စမယ် ။ ၁ ။ ၂ ။ ၃ ။ လိင်စိတ်ကြွမှု ။

ဧည့်ခန်းဆောင်မှ ဈာပန ။ ဆေးရုံနံ့တွေရလာပြန်ပြီ ။ ပြန်တာလား ။ ပြန်လာတာလား ။ နှုတ်မဆက်နဲ့ ။

စစ်ပြီးခေတ်လို လေသံက မာမာပဲ ။ စနေထောင့် ။ အမျှဝေသံ မကြားတစ်ချက် ကြားတစ်ချက် ။

လမ်းမီးတိုင်များ ။ ဟော မိုးမိခံလိုက်ရပြီ ။ ဒီဂျေမပါဘူးလေ ။ ကော်ဖီတစ်ခွက် အထီးကျန်မှု ကရော ။

စီးကရက် နဲ့ ဒီကောင် ဘယ်မိုင်တိုင်ထိ ဝေးပါသလဲ ။ လေသံ နည်းနည်းပျော့လာပြီ ။

ကန်တော်ကြီးနဲ့ ချစ်ကြောင်းကြိုက်ကြောင်း ။ ထမင်းရည်ချောင်းစီး ပြီးတော့ အရာရာ အဆင်မပြေဘူး ။

မီးလုံးတွေ မလင်းတော့ဖူး ။ ယာဉ်တိုက်မှု ။ ယဉ်ကျေးမှု ။ မုဒိန်းမှု ။ ကျောင်းမတတ်ဖြစ်တော့ဘူး အမေ ။

လမ်းလျှောက်ရတာ နေသားတကျရှိတယ် ။ အီးခေတ် ။ ဆေးလိပ်တွေ မီးခိုမထွက်တော့ရင် ဘယ်လိုလဲ ။

အဖေနဲ့ အမေ အစဉ်ပြေနေရင် သိပ်ကောင်းမှာပဲ ။ အကြွေများ အကြွေးများ ။ ငါနဲ့ မကင်းကြသေးသူများ ။

အရင်လိုသွားပြီး ပြန်မလာကြဘူး ။ လမ်းတွေမကောင်းတော့ဘူး ။ ဖာရာထေးရာတွေပေါလာတယ် ။

ကဲ မျက်နှာဖုံးချွတ်ကြပြီ ။ ဘီလူးလား မင်းသားလား ။ ပြုံးလိုက်ပါ ... ဟုတ်ပြီ ။ ရိုက်မယ် ။ ပြုံးလိုက်ပါ ။

နာနာကျင်ကျင်ပေါ့ ။ ခေါင်းမဖြီးနဲ့တော့ ။ ကဒ် ။ လက်ကျန်ရှင်းကြမယ် ။ တစ်လုံး တစ်ပိုင်း ။

အကြော်စုံတစ်ပွဲ ။ ညဆိုအော်မယ် ဒီသီချင်းပဲ ။ ပြန်စရာမလိုဖူး ။ ကိုယ်ထင်သမျ မြေပြင်လည်း ရွှေနန်းပဲ ။



မောင်မိုးချို

“အုံ့ပုန်း”



ညရေးညတာ အိပ်မက်တွေ မလုံခြုံဘူး

အကျအပေါက်မများတဲ့

တစ်ရေးနိုးသီချင်း

အသံမထွက်အောင် ဆိုမယ်


-မောင်မိုးချို-

အိမ်ပြန်နောက်မကျတဲ့နေ့ . .

ထသွားတုန်းတည်းက ပြန်လာမယ်လို့ မတွေးဘူး

လူသေးသေး အရိပ်ရှည်ရှည်နဲ့ကောင်

လေတစ်လုံး မိုးတစ်လုံး နဲ့ မိုးမမြင်လေမြင်နဲ့

လေမလုံ မိုးမလုံကောင်လေ

အရိုးအပြိုင်းပြိုင်းထနေတဲ့ ထီးတစ်ချောင်းအောက်ကနေထွက်သွားပြန်ပြီ

စီးကရက်က တကားကားနဲ့

ဒီတစ်ခါတော့တကယ်ပေါ့ ။ ရွေးကျန်တွေ အဖိုးတန်မယ်ဆိုရင်တာတွေ ။

ပြောပြန်ပြီ အဖြစ်က မနှစ်ကနဲ့ မတူတော့သလိုမျိုး

ပြောပြန်ပြီ ကြာကြာဝါးပြီးမှ ထွေးထုတ်မိတယ်လို့ ။

ပြေပြန်ပြီ မတူဘူး မတန်ဘူးတွေ

လမ်းမလျောက်ဖြစ်တော့ဖူး ။ ကားမစီးဖြစ်တော့ဖူး ။

လ္ဘက်ရည်တွေအေးလာပြီဆိုတာတွေ ။ အရက်ဖြူပဲကောင်းပါတယ်ဆိုတာတွေ

ရာသီဥတု မင်းဘက်မပါဘူး ငါ့ဘက်လည်းမလာဘူးဆိုတာတွေ ။

ဖြစ်ပျက် ပျက်ဖြစ် ။

ချစ်တာအပြစ်လားဆိုတာလို လူငယ်ဘ၀ က ဘ၀ကူးမကောင်းတဲ့အချိုးမျိုးချိုးလာပြီ ။

လောကမှာ နံပါတ်တစ်ဆိုပြီး

ဟော လက်မထောင်လိုက်လက်ညှိုးထိုးလိုက် ။

နောက်ကို ဓါးမထောက်သရွေ့တော့ ဒီကောင်ဓါးပြဘယ်ကြောက်မလဲ

ကျောသားရင်သား မခွဲဘူးဆိုပြီ အိမ်ကြက်ချင်းဆိုတော့လဲ ပ၀ါမကူ ရေမရှူကြေးပေါ့ဆိုတာတွေ

။ ၁ ၂ ၃ . . . ။

ဘယ်အကြိမ်မြောက်ပြောမိပြန်ပြီလဲ ။

ရွှေဈေး ဒေါ်လာဈေး ဆိုတာ ရွှေဝတ်တဲ့ဒေါ်လာစားပဲလိုတာပါဆိုတာတွေ ။

အာရုံကောင်းကောင်းမရဖူး ။ အရုဏ်တက်တည်းက နဖူးကချွေး ခြေမပေါ်ကျပြီ ။

ကြိုက်မရှက် ငတ်မရှက်ဆိုတာတွေ ။

တစ်နေ့ တစ်လံ နဲ့ ပုဂံကတော့ ဘယ်မှမပြေးဘူး မရောက်တာက လွဲရင် အကုန်ဖြစ်တယ် ။

လူငယ်ခြေတက်တွေ ။

လူကြီးခြေတက်တွေ ။

နေရာမယူတတ်သရွေ့တော့ နေရာမဖယ်ပေးကြေးပေါ့ ။

ချောက် ချောက် ချောက် ။

နောက်တစ်ခေါက်ကျည်ကုန်ပြန်ပြီ ။ ဟော . . . ဒီကောင်ပြန်လာနေပြီ

ခါးထောက် လမ်းလျောက် ၂၀ ရာစုတစ်လျောက်လုံး ဘာမှမဖြစ်တဲ့ပုံနဲ့

၂၁ ရာစုထမ်းပြီပြန်လာပုံမျိုး

လ္ဘက်ရည်ဖိုးနဲ့ ညနေစာဖိုးလောက် နဲ့ . . .




မောင်မိုးချို

အမည်ပေးရန်မေ့လျော့ခဲ့သည်

ဘာတွေလဲ ဘာတွေလဲ ပြီးတော့ ။ ပြီးတော့ နောက်ကောက်ချလိုက်ပြန်ပြီဆိ

ုပြီး ပွဲသိမ်းလိုက်ပြန်တယ်

ရပ်တန့်ထားကြသည် ။ စီထားပါ ၊ ကစားမလား ပြီးတော့ သွားမလား နားမလား

ရပ်ထားခြင်းဖွင့် အရင်တံခါးများပွင့်မလာကြချေ ..

ကားတွေလည်းပေါတယ် ကားနဲ့ဆိုကားတာတွေပေါလာတယ်

ကျားတွေပေါလာတယ် စားတတ်သောက်တတ်ကြောင်တွေပေါလာတယ်

မြို့လည်မှာ တောမီးတွေ ထထတောက်တယ် နေဆိုလည်းနေ့ ညဆိုလည်းည

ဘာမဆြို့ဖစ်သွားနိုင်တဲ့ ၂၁ ရာစုမှာ ကျုပ်တော့ ဘာမှမဆိုမဖြစ်လာသေးဖူး

(ကြောင်တွေ ကျားတွေ မဖြစ်တာပြောပါတယ်)

ကော်ဖီတစ်ခွက်နဲ့ ခဲတံတစ်ချောင်း

တန်ရာတန်ရာပြောရတာဆိုတော့ မတန်ရာ မတန်တာတွေ မပါတာပဲကောင်းတယ်လေ

စာရွက်ပေါ်ကျလာသော အတိုအထွာ စကားများ

ညရေးညတာ အစဉ်မပြေဘူး .. နေရေးစားရေးအစဉ်မပြေဖူး

တစ်ခုမှကိုအစဉ်မပြေဖူး ။ ဒီသစ်ရွက်လေးကြွေသလို များကြွေကျသွားမလား

လေတိုးသံသဲ့သဲ့ကြားရတယ် .. ဘာဖြစ်ပါသလဲ ။ ဘာဖြစ်ပါသလဲ

ဘာမှမဖြစ်သရွေ့ ကျုပ်တို့ကတော့ ဆက်မောင်းရမှာပဲ

စိတ်အစဉ်လိုက်သွားရာမှာ လမ်းတွေလား

အကန်းတွေအလား အကြမ်းတွေလား အစမ်းတွေလား

အဆန်းတွေလား အနမ်းတွေလား နှုတ်ခမ်းတွေလား

အကြောင်းအရာ ... ယနေ့တွင် ကျွန်တော့်အိမ်အတွင်း စကားလုံးများ လောင်ကျွမ်းသွားခြင်း

မီးသွေးခဲလက်တစ်ဆုတ်စာလေးတွင် စကားလုံးပေါင်းများစွာ ပိတ်ညပ်ထွက်လာတယ်

အဖေရယ် အမေရယ် .. ရယ်ရယ်မောမော မရှိတာကြာပြီ

ကျုပ်မောတယ်ဗျာ .. အရှေ့မှာ ရှောပင်းစင်တာတွေ တိုးတိုးလာတယ်

တိုက်တွေ တိုးတိုးလာတယ် ... ပစ္စည်းအသစ်မဆန်းတွေ ပစ္စည်းမသစ်အဆန်းတွေ တိုးတိုးလာတယ်

ကျုပ်အိပ်ကပ်ထဲမှာ အကြွေးတွေတိုးတိုးလာတယ် ကျုပ်အသံလည်းတိုးတိုးသွားတယ်

သရဖီရေ ... လမင်းရေ ... နာမည်လှလှလေးတွေ ..

အနှိပ်ခန်းတွေထဲ .. ကေတီဗွီတွေထဲ ပြုတ်ကျသွားတယ်

စိတ်တွေကရောက်ကရက် ... မနက်ဖြန်များ ... ဒီနေ့များ ညစာဟင်းမချက်နိုင်ခြင်းများ

ကျုပ်တို့နေသားသကျရှိလွန်းတယ်ဗျ ... ဆေးပေါ့လိပ်က အငွေ့ပိုထွက်ပါတယ်ဗျာ

နေတတ်သရွေ့ကျေနပ်စရာတွေပါပဲ ...

ဖျားနာခေါင်းကိုက်ရှိတယ် ... မွေးရာပါအစာအိမ်ရှိတယ်

သွေးကင်ဆာလှလှလေးတွေရှိတယ် ...

ဆေးခန်းကြီးကြီးတွေရှိတယ် .. ဆေးခန်းသေးလေးတွေရှိတယ်

အထူးကုတွေ မထူးလည်းကုတယ် ထူးလည်းကုတယ်

ဆေးမသောက်လိုက်ရတဲ့ အလောင်းတွေ

ဆေးသောက်များတဲ့ အလောင်းတွေ

မမှားသောရှေ့နေ မသေသောဆေးသမား

မမှားသောသမားတော် ... အေးလေ ရှိမှမရှိတာ

အရာရာ နေပျော်တယ် အရာရာ သေပျော်တယ်

ဟေ့ . . . ခဏစောင့် ငါပြောတာ မဆုံးသေဘူး

( ကျုပ်ပြောသံ မဆုံးသေဘူး )

ဘယ်ဂါထာရွတ်ရင် ဘယ်ရွာရောက်တယ်

ဘယ်မမှားရင် ညာလည်းမမှားဘူးပေါ့ . . လက်ခုတ်တီးမယ်ဆို လက်နှစ်ဖက်ရှိကြပါစေ




မောင်မိုးချို

မြို့ကြီးသားရောဂါ ( ၁ )

ပြောမပြချင်တော့လို့ဆိုရင်

ဒီနေရာမှာရပ်ရတော့မလို

ISO လက်မှတ်မရရှိထားသော

မရှိမဖြစ် မီသွေး

စီးကရက် နှင့် အရက် ကြားရှိ

လူငယ်ယဉ်ကျေးမှု

ထူးခြားဖြစ်စဉ် မကင်းမဲ့ကာလ

အဲကွန်းဘတ်စ်ပေါ်မှ စကားသံများ

အဲကွန်းခန်းထဲမှ စကားသံများ

၅၀ နှင့် ၁၀၀ တန် ထမင်းငတ် ဘ၀များ

တစ်ည လေးသောင်းတန် ဘ၀ များ

ပြောမပြချင်တော့လို့ ဆိုရင်

ဒီနေရာမှာ ရပ်ရတော့မလို

မီးရောင်စုံအောက်မှ

မှတ်ပုံတင်ထားခြင်းမရှိသော

ဆေးရောင်စုံ သွေးသားရောင်းကုန်များ

ဘယ်သူမှန်မှန် ကိုယ်ကမှားရမယ်ဆိုတဲ့

အဆီပြန်မျက်နှာများ

မီးစက် နှင့် ကေတီဗွီ

ကြွပ်ကြွပ်အိပ် နှင့် နိုက်ကလပ်

အင်တာနက်နှင့် မီးပျက်ခြင်း ရောဂါ ဆင့်ပွားဖြစ်စဉ်

ပြောမပြချင်တော့လို့ ဆိုရင်

ဒီနေရာမှာ ရပ်ရတော့မလို

ဟုတ်ကဲ့

ရောက်ရာ အရပ် က သာဓုခေါ်ကြပါ

ရေသန့်ဘူးခေတ် ဖြစ်ထွန်အောင်မြင်ခြင်းနှင်



ရေအိုးစင် ရှားပါခက်ခဲမှုပြဿနာ

H1N1 / H5N1

ကျေးဇူးပြု၍

ကန်ဇွန်းရွက်များ ရောဂါကင်းရှင်ပါစေသား . . . .



မောင်မိုးချို

လူနာမှတ်တမ်း (၁)

ဘာလိုလိုနဲ့ တစ်လဆိုတာကို

ပြက္ခဒိန်က ဖြုတ်ချလိုက်ရတယ်

ရင်နာတယ် မကြည်ပြာ

ရင်နာလောက်အောင် ရင်နာပါတယ်

လွမ်းရတာ လက်နှစ်ဖက်လုံးမဆန့်တော့ဖူး

ထပ်ပြောမယ်

ကျွန်တော့် ကမ္ဘာနဲ့မဆန့်ဘူး

လူ့ယဉ်ကျေးဥပဒေ နဲ့

ဝင်မဆန့်တဲ့ကောင်ဆိုတော့လဲ

မုန်းလိုက်ပါ မကြည်ပြာ

မုန်းလိုက်ပါ

လူတစ်ယောက်ကို သတ်ဖို့ဆိုတာ

( လက်ညှိုးလေး ကွေးတတ်မှ မဟုတ်ဘူး)

စကားလေးတစ်ခွန်းပါပဲ

ဟုတ်ပါတယ်

စကားလေးတစ်ခွန်းပါပဲ မကြည်ပြာ

ကျွန်တော် အိပ်မက်ကို ကောင်းရာမွန်ရာ သဂြ်ုလ်ပေးပါ

ဘာမှ မလိုဘူး

ဘာဆို ဘာမှ မလိုဘူး

ဖြစ်နိုင်ရင်သာ ယဉ်ယဉ်လေး ရိုင်းပေးပါ

ကျွန်တော် ဒီဖိနပ်လေးပဲစီးပြီးသွားပါေ

တာ့မယ်

ရောက်ရာအရပ်က သာဓုပဲခေါ်ပါ .. အမျှမဝေပါနဲ့

ကျေးဇူးလည်းမတင်ပါနဲ့

ကျွန်တော်က မကြည်ပြာ အိပ်မက်လောက် မခမ်းနား ပါဘူး

ကျွန်တော့် ရင်ဘတ်ကိုက

အနာတခြား ဆေးတစ်ခြား နွေအတု တစ်ခုပါပဲ

ဘယ်တော့မှ ကမ်းကုန်အောင် မလွှင့်ရသေးပါဘူး

ခရီးတစ်ထောက်နဲ့တင် ရေတိမ်မှာ

ကောင်းကောင်းနစ်တတ်ခဲ့ပါပြီ မကြည်ပြာ

သြော် မကြည်ပြာ ရယ်

ကျွန်တော် အိပ်မက်တွေ ကိုဗွေမယူပါနဲ့

သူတို့ က မကြည်ပြာမှ မကြည်ပြာပါပဲလို့

သံသရာတစ်ပတ်စာ တံဆိပ်ကပ်ထားတာကို . . .




မောင်မိုးချို

အနာမကျက်သူများ

တစ်ယောက်ပိုတော့ တစ်လုံးပိုတယ်

တစ်ယောက်လျော့လို့ တစ်လုံး မလျော့ဘူး

တိမ်တွေလေရှူပုံမှားတယ် တစ်ယောက်

ပန်းတွေခူးပန်တယ် တစ်ယောက်

ကိုယ်ထင်ရင် ကတ္တရာလမ်းဟာ ရွှေနန်းဆောင်နဲ့မလဲဘူး

လမ်းလျောက်ရင် ဖိနပ်ချွတ် . .

လက်ဖျံဖေါက်ရင်တောင် သွေးတူတယ်ဆိုမှ ချိတ်ထားတဲ့လက်တွေ

မကြည်ဖြူအတွက်မိုးတွေရွာကြတ

ယ်

မိချမ်းမွန်အတွက် မိုးတွေရွာကြတယ်

ခေါင်းပေါ်ကိုလက်တင် . . . အရှက်မနည်းပါဘူး

သီချင်းတကြော်ကြော်အော်တယ်

မယ်ချို အတွက်တစ်ပုဒ်

နံပါတ် ၈ ခရမ်းနာက တစ်ပုဒ်

ကမ္ဘာမှာ လက်တူတဲ့လူ မရှိဖူးလို့တွေးထားတဲ့ကောင်တွေ

ဆေးစက်ကျရာ အရုပ်ထင်ဖို့ အရုပ်ထင်အောင် ဆေးစက်တွေချ

ဒီကဗျာဖတ်ပြီး စိတ်မဆိုးနဲ့ . .

ကဲ . . . ရင်ပြင်ရှေ့ကနတ်သားတွ . .

ဖိနပ်ကိုချွတ် . . . တစ်ခွက်တစ်ဖလား ချလိုက်ကြစို့

ခဲဆူးမှာ မကြောက်ဖူး

ကဗျာဆရာလျှောက်လည်း လမ်းဖြစ်ပါတယ် . .




မောင်မိုးချို

ကျွန်တော့်ရင်ဘတ်အတွင်းလာရောက်နေထိုင်သော ဓါးထစ်လေး

ရာဟုမလေးရေ . . .
နေမလုံ နှင်းမလုံ
မင်းအပြုံးလေး လုံရုံခြုံမိပါရဲ့
အခုဆို . . .
ငါ့ရင်ငါခြုံလို့တောင် မလုံတော့ပါဘူး
ငါပျော်ခဲ့ပါတယ်
မင်းလက်ထဲ နှင်းဆီဝါ၀ါလေး
တွေ့လိုက်ကတည်းကပေါ့
ဟော့ဒီစိတ်နဲ့ ဒီရင်ဘတ်က
ဒီညမှာ အိပ်မပျော်ဘူး
ဝါကျတွေ နီလိုက် ၀ါလိုက် ပြာလိုက်
ရှေ့မှာလေကြွေသံ တဖောက်ဖောက်ကြားနေရတယ်
၈ နာရီ ၄၅ မိနစ် ကို စိတ်ထဲမှာမှတ်
ဆန္ဒတွေချိုးရေလာလိုက်တာ
လက်ဆယ်ချောင်းနဲ့တောင် မလောက်တော့ပါဘူး
ငါ့ရှေ့ကမြူတွေ ခြောက်အက်စပြုနေပြီ
ဒီလို . . ရာဟုမလေး
ဖုန်းသံနောက်မှာ မင်းအသံပါမလာသလို
လမ်းမီးတွေကလည်း မချိုတော့ဘူး
ဖြစ်နိုင်ရင် ငါ့ကိုယ်ငါ
ဝေေ၀၀ါးဝါး လင်းပြလိုက်ချင်ပါရဲ့
ခက်တာက . .
ငါ့နက္ခတ်မှာ လက်ခတ်သံလေး
ပျောက်သွားခဲ့တာကြာပေါ့
မျက်ရည်တွေကို မငိုဖို့တားရင်း
ရင်ဟောက်ပက် ထီးလေးမှာ
ရယ်သံတွေမပေါ့မပါးနဲ့
ငါ့အဘိဓါန်လေး . . ပိတ်
ပိတ်ချလိုက်ရပါပြီ
ငါ့အရိပ်တစ်ခြမ်းကိုမြင်တိုင်း
နင့်ယူသွားတဲ့ ထီးတစ်ခြမ်းကိုလွမ်းတယ်
ငါ့လက်ချည်းသက်သက် ယက်လုပ်ထားတဲ့
တလင်းပြင်မှာ
နှင်းဆီဝါ၀ါတွေ ဗေဒင်ယတြာမပါပဲ
ကိုယ်ထူကိုယ်ထ ပွင့်လိုက်ကြပါရဲ့
အလွမ်းဒီဂရီဆိုတာ
မနက် ၈နာရီ ၄၅မိနစ်တိုင်း
နိုးနေကျ နှိုးစက်တစ်ခုပေါ့
ကျိန်ပြောပါတယ် ရာဟုမလေးရယ်
နင့်ကိုငါ အရှေ့လျောက်၍လည်းချစ်ကြောင်း
အနောက်လျောက်လိုကလည်းချစ်ကြောင်း
ငါ့ကိုငါ ကတိပေးပါ၏ ။ ။

မောင်မိုးချို

ကွန်ခိုငါး



အလယ်အလတ်တန်းစား အိပ်မက်တွေကို

ရေလောင်းပေါင်းသင်ရင်း

အိပ်မက်တွေက ဆောင်းဆန်ဆန်မက်တယ်

ဘယ်ဆန္ဒကိုမှတော့

လက်ဆုပ်လက်ကိုင်မပြနိုင်သေးဘူး

ကျွန်တော် ဟာ ကျွန်တော်ဖြစ်နေတော့

သူ့ကြည်ပြာရောင် မျော်လင့်ချက်တွေထဲ

အဆက်အသွယ်မရဘူး

သူ့ဖုန်းနံပါတ်လေး ကျွန်တော်မသိဘူးလေ

သူနဲ့ ကျွန်တော်

ဆောင်းနဲ့ နွေလိုဝေးကြရတယ်

ကျွန်တော်မှာ ကြည်ပြာရောင် ထီးတစ်လက်ရဲ့

ရင်ဘက်လွဲ ပုစ္ဆာတွေ တွက်လို့ကို အဖြေမထွက်ဘူး

"တစ်ချက်ပြုံးပြီး

တစ်သက်လုံးရူးခိုင်းတယ်

တစ်ပင်တိုင်ပုံပြင်ကိုပြောပြရင်

ဘယ်တော့မှ မဆုံးဘူး"

လေထဲကပဲ ချစ်ခဲ့ရတဲ့ကောင်ဆိုတော့

လေလိုပဲပျောက်ရတယ်

ဖျောက်လို့မရတဲ့ သူ့အပြုံးတွေက တော့

ပြုစားလို့ကောင်းတုန်းပဲ

အနေဝေးတိုင်း ဒီသွေးက အေးသွားပါ့မလား

ကျွန်တော် ကိုယ်တိုင်က

သူမ ကွန်မှာမှ အသေအချာခိုမိတဲ့

ငါးတစ်ကောင်ဖြစ်တယ်

"ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော် "

ကျွန်တော့်မျက်ရည် ကျွန်တော်ဖွက်လို့

ဒီသံသရာ ကို ဒီဖိနပ်ပဲ စီးပြီးသွားပါတော့မယ်

"ခုထိ နင့် စိတ် နဲ့ ငါ ကံ ကို မ ကုန် သေး ဘူး"


မောင်မိုးချို

* ဆရာ တာရာမင်းဝေ ၊ ဆရာ ညီစိမ်း ၊ ဆရာ ရုပ်သေး တို့၏ စာကြောင်းများအား ယူသုံးထားကြောင်း ၀န်ခံပါသည် *

ကျွန်တော်နှင့် အနီးတစ်ဝိုက်တွင် . . .



နေပူထဲက မီးပွိုင့်တွေ

ဆူးလေမှာ လမ်းကူးရတာ အလုပ်ရှုပ်တယ်

ရေးသက် ၁၀ နှစ်မှာ

တစ်ပုဒ်မှ ဓါးချက်လှံသံမပါလို့

ဆူညံပူညံမရှိဘူး

ကဗျာကို မြားလုပ်မခုတ်ဖြစ်ဘူး

လမ်းတူတယ်ဆိုရင် ညာဘက်လက်မှာချိတ်

ကဗျာဆရာသွားလည်းလမ်းဖြစ်တယ်

မှန်ရာကိုပြောကြဆို

ရန်ကုန်ဖုန်းသံလို အသံမကြည်ဘူး

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်

ကြားဖူးနားဝ ချရေးလိုက်

၇ နှစ်ကျော်ရေးခဲ့တဲ့ အချစ်ကဗျာတွေမှာ

ပိုင်ရှင်တစ်ယောက်မပါဘူး

၂၀၁၀ မှာ ပိတောက်တွေပွင့်မှာကိုတွေးရ
တာ

သေရမှာထက်ကြောက်တယ်

ရန်ကုန်နဲ့ မကွေး ဝေးပါသလား

ငါ့ ကိုယ်ငါ ကျပ်တည်း ရင်း

ဒီနေ့နဲ့ မနက်ဖြန်တောင် နပ်မမှန်ချင်ဘူး

[ဗေဒင်ဆရာအလိုကျ အသက် ၂၉ နှစ်မှ အိမ်ထောင်ပြုရန်]

အိပ်မက်တွေတောင် မျက်ရည်စို့တယ်

ညာဘက်က ပါးချိုင့်လေး

ရောက်တတ်ရာရာ လွမ်းတယ်

ရန်ကုန်က လမ်းတွေလိုပဲ

ငါ လျှောက်ရတာ ၂၅ နှစ်လုံး

လေထဲတိုက်ဆောက်လိုက်

ဘေးထိုင်ဘုပြောလိုက်ပဲ

ငါ့ဝင်လေထွက်လေက မင်းအရိပ်နဲ့မလွတ်ဘူး

နှင်းဆီဝါ၀ါလေးကို ဆောင်းလို့

ငါ့အသိဥာဏ်မှာ မြေနီကုန်းကားဂိတ်မပါဘူး

၂၀၀၉ ကနေမျှော်ကြည့်ရတာ

ကောင်းရာမွန်ရာယဉ်ကျေးမှုက ဟင်းမကျက်သေးဘူး

ပုဂံခေတ်မှာ စီဒီ ထစ်နေတယ်

ကဗျာထဲရန်ဖြစ်ကြတာဖတ်ပြီး သိမ်ငယ်လိုက်ရတာ

ငါကိုယ်တိုင်က မြို့စွန်မှာနေတဲ့ကောင်ပါ

ငါတို့နားက ရှမ်းခေါက်ဆွဲဆိုင်မှာ မြေအိုးကောင်းပါသတဲ့

မင်းကြိုက်တဲ့ ကန်စွန်းရွက်ကြော်

ငါ ကောင်းကောင်းကြော်တတ်နေပြီ

တစ်ယောက်တည်းငိုရတာ

ကဗျာထဲမှာ စာလိုငိုရတာ

အိမ်ခန်းထဲမှာ ကလေးတစ်ယောက်လိုငိုရတာ

လမ်းပေါ်မှာ ကလေကချေလိုငိုရတာ

ကဗျာဆရာဆိုတော့ ကဗျာမဆန်ဘူးပေါ့

ဖက်ကြမ်းတွေ မီးခဏခဏသေတယ်

ကျေးဇူးပြုပြီး ပြာမချွေကြပါနဲ့

မင်းညီမလေးဆော့လိုက်တဲ့ ငါ့ငါးရုပ်လေးလိုပဲ

ဒီကဗျာအကြောင်း မင်းမသိလောက်ဖူး

ငါတို့ က ရန်ကုန်ထဲမှာတောင် ၂၈.၉ မိုင်ဝေးရတယ်

ဟယ်လို . . . ကျွန်တော် ရာဇဖွား စနေသားပါ

ရန်ကုန်-မကွေး ကားလက်မှတ်တွေ ဈေးတက်ဖို့ရှိပါသလား??

ကော်ဖီသောက်တိုင်းမှမဟုတ်ဘူ


နာရီရှိနေမှ မဟုတ်ဘူး

ငါ့ဝင်သက်ထွက်သက်ကိုက မင်းနာမည်ပါတယ်

၃ ရက်လောက်မအိပ်ပဲရေးတာဆိုတော


တောင်ရောက်မြောက်ရောက်နဲ့

ဖတ်ရတာကိုက လေးလုံးမကွဲဘူးပေါ့

ကိုယ့်ဟာကိုယ် အလွမ်းကိုခွဲရတာ

ပဲလှော်ကြားဆားညပ်နေသလို

နေရထိုင်ရတာ သဲတရှပ်ရှပ်နဲ့

ကိုယ်ထူကိုယ်ထအပေါ် တံဆိပ်ကပ်အလံစိုက်ခြင်း

သူကြီးဘုရား ရွာသားကောင်းမှု များပြားခြင်း ကြောင့်

တာဝန်သိသူများ လမ်းဘေးချရပ်ခြင်းဖြင့် ကုသိုလ်ပြုပါ

ငါ လည်ကတုံးအဖြူမ၀တ်ဖြစ်တာကြာ
ပီ

ရွှေတိဂုံဘုရားပေါ်က ခေါင်းလောင်းဘေးမှာ တစ်ညလုံးထိုင်ဖြစ်တယ်

မဏ္ဍာပ်တိုင်တွေ မော့မော့ကြည့်လိုက်

သမ္မတရုံမှာ ဘာကားတင်လဲဖတ်ကြည့်လိုက်

ငါ မဆင်းဖြစ်တော့တဲ့ ကားမှတ်တိုင်တစ်ခု

၂၀၁၀ မှာတိုးသွားပြီ

တစ်သက်နဲ့ တစ်ကိုယ် . . .

ဖေဖော်ဝါရီ ၂၃ . . . .

မင်းစကားတစ်ခွန်းက ငါ့ဘ၀ကိုဖြိုတယ် . . . .

ဘောင်ဝင်ပါတယ် . . .

ကျွန်တော်ကိုယ်တိုင် ရန်ကုန်သားဆိုတော့

သူ့ကိုလွမ်းရတာ မီးစက်သံနဲ့ မကင်းဘူး

မကွေးမှာ မီးမှန်မှန်လာပါ့မလား

လရောင်နဲ့ဆို သူက ပိုလှတယ်လေ

ပလာဇာမှာ . . .

ဒဂုံစင်တာမှာ . .

ယူနိုက်တက်လစ်ဗင်းမောမှာ. . .

. . . . . . . မှာ

. . . . . . . . မှာ

စကပ်အတိုလေးတွေ ပေါတယ်

ကျွန်တော့်အမေသွားတဲ့ အခွန်လွတ်ဈေးမှာ

သမာဓိချိန်ခွင်တွေ အလေးမှန်ပါ့မလား

သူကြိုက်တာ ကန်စွန်းရွက်ကြော်လေ

အမေ ဒီဈေးက၀ယ်ခဲ့တာ . . .

ကွန်ပျူတာသမားဘ၀ ဆိုတော့

ငတ်တစ်လှည့် ပြတ်တစ်လှည့်

ကျွန်တော် နစ်နေတဲ့နွံက ဒီနေ့ပြီးရင်

မနက်ဖြန်အတွက်မပါဘူး

ဘုရားပေးပေး ကျမ်းပေးပေးပါ

ရန်ကုန်-မကွေး ကားလက်မှတ် ဈေးမတက်ရင်တော်ပြီ

ကော်ဖီဖျော်ရတာ အသက်ရှူမ၀ချင်တော့ဘူး

သူကြိုက်တဲ့ ပရီမီယာ တူးအင်ဝမ်း

အေးသွားရင်သောက်မကောင်းဘူး

အနေဝေးသွေးအေးသလို

ဗေဒင်အလိုအရ ၂၆နှစ်ထဲမှာ ခွဲနေတာ အကောင်းဆုံးပါတဲ့

မကာရ ရာသီဖွားမှာ အလွမ်းနစ်နေတယ်

ကဗျာဆရာ ဆိုတော့

ငတ်တစ်လှည့် ပြတ်တစ်လှည့်

ဖက်ကြမ်းမီးဆိုတော့

ထိသမျှ ထထ ပေါက်တယ်

ပြက္ခဒိန်တွေ မင်ပေါက်ရာ မကင်းကြဘူး

အမေ ဘုရားရှိခိုးသံကြားရင်

မနက်အတွက် ဆန်တစ်ပြည်ဝယ်ရမယ်

သူ မကြိုက်တဲ့ ကြက်ဥမှာ ဘာပိုးပဲပါပါ

တစ်မိသားစုလုံး ဟင်းတစ်ခွက်ဖြစ်တယ်

စံသွေဖီမှုမပါဘူး

သူ့စကားက ရင်တည့်တည့်ကိုထိတယ်

နံမိတ်ပုံတွေ အပြည့်နဲ့ အမေမျက်ရည်တွေ

ကျွန်တော့သက်ပြင်းချသံတွေ ဗဟိုချက်မဲ့ကြတယ်

ကဗျာက ရောက်တက်ရာရာ

ထွေရာလေးပါရောနေတော့

အာရုံရိပ်လည်း ပျောက်နေတယ်

သူ့အရိပ်လေး အိပ်မက်ထဲရောက်လာတိုင်း

လက်သည်းတွေတောင် အလွမ်းမကင်းကြဘူး

ဝန်ထမ်းသားသမီးဆိုတော့

ငတ်တစ်လှည့် ပြတ်တစ်လှည့်

အမေ့ပင်စင်လစာက

သူ့ဖိနပ်လေးတစ်ရံစာဆိုတော့

မကွေး အသွားကားခ လောက်ပဲဆိုတော့

အမေကို သနားတယ်

အဖေသောက်တဲ့ ဆေးလိပ်တွေ

အမေကဆူ အဖေကဆဲ

အိမ်ထဲမှာ ပြဿနာတွေပူတယ်

သူ့ကိုလွမ်းရင်း နွေတစ်ခုလုံး ပိုက်အိပ်ထားရတယ်

တစ်ခါတစ်ခါ ကွန်ပျူတာရှေ့မှောက်ရင်း

တစ်ခါတစ်ခါ ကဗျာရေးရင်း

တစ်ခါတစ်ခါ အမေ့ပင်စင် စာရွက်လေးဖတ်ရင်း



တစ်ခါတစ်ခါ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်ကြောင်းတွေးရင်း


တစ်ခါတစ်ခါ ကျွန်တော်ဟာ အမေ့သားဖြစ်ကြောင်းတွေးရင်း

တစ်ခါတစ်ခါ ကျွန်တော်ဟာ ကဗျာဆရာပေါက်စဖြစ်ကြောင်းတွေးရင်း


တစ်ခါတစ်ခါ ရန်ကုန် မီးမမှန်သေးတာကိုတွေးရင်း

တစ်ခါတစ်ခါ မကွေးကိုသွားဖို့တွေးရင်း

တစ်ခါတစ်ခါ ကျွန်တော်ဆိုတာ ငါဖြစ်ကြောင်းတွေးရင်း

သံသရာမှာ နှင်းဆီဝါနဲ့မကင်းဘူး

တစ်ထီးတစ်နန်းလုံးတောင်မှ အမှားမကင်းကြတော့

ကန်တော်ကြီးစောင်းက အလုပ်သမားဆေးရုံမှာ

၁၉၈၅ ခု စနေနေ့တစ်ရက်က

ပန်ကာတစ်လုံးမလည်တာသေချာတယ်

ရွာရိုးကိုးပေါက်လျှောက်ပြီ
လွမ်းရတာ

မီးစက်သံနဲ့မကင်းဘူးပေါ့

ခဏခဏ မီးစက်သံတွေ ရှူရတာ

အစာအိမ်တွေ မသန့်တော့ဘူး

နေရထိုင်ရ သဘာဝကိုကျတယ်

၃၆ လမ်းက အခုထိ မြောင်းနံ့နဲ့

လျှောက်လို့ကောင်းတုန်းပဲ

ဒဂုံကို အမှိုက်ပုံရွှေ့ပြီးတာတောင်

ပြဿဒ်တွေ မီးခဏခဏလောင်တယ်

ရန်ကုန်က ရန်ကုန်ပီသတယ်

ဈေးသစ်တွေ တိုက်သစ်တွေ

လူသစ်တွေနဲ့ မျက်နှာသစ်တွေနဲ့

တစ်ခေါက်မှ မရောက်ဖူးသေးတော့

မကွေးကရော မကွေးလိုပဲလား

လိုရာဆု တောင်းကြေးဆို

သူ အချစ်သစ်နဲ့မတွေ့ပါစေနဲ့ပေါ


အားလုံးဟာ အားလုံးပီသကြတယ်

ကျွန်တော်ကလည်း "ငါ"ဆိုတာပီသဖို့ လွယ်အိတ် လွယ်ရတာ . . .

သူလွယ်တဲ့ အိတ်လေးက ကျွန်တော့် တစ်လစာ

တံဆိပ်တောင် အလွတ်မရဖြစ်ဘူး

အရင်တုန်းက အင်းယားလည်း အနမ်းမကင်းသလို

အခုလည်း အရက်နံ့မကင်းသလို

ကျွန်တော်လည်း ငွေနံ့ကို ခူးလို့ခပ်လို့ကောင်းတုန်း

သူခူးကျွေးသွားတဲ့ ကျွန်တော့်နေ့လည်စာမှာ

ဘာဆေးခပ်ထားခဲ့ပါသလဲ . . .

ကျွန်တော်ခူးပေးဖူးတဲ့ ပိတောက်ဝါမှာတော့

ကျွန်တော့် ဘယ်လက်ဖျံက အနာလေးတစ်ခုပါတယ်

မကွေး ကို မျှော်မျှော်လွမ်းတယ်

ကျွန်တော်တို့က စိတ်ချင်းဆက်ပြီးမှ

ရင်ချင်းလွဲနေကြရတာ

ရန်ကုန်လိုင်းကားတွေ မှတ်တိုင်နဲ့ နေရာလွဲကြတယ်

ဘယ်ကမ္ဘာ က မာနတွေ ကင်းပါသလဲ

ဘယ်ကမ္ဘာ က ဆန္ဒတွေ ကင်းပါသလဲ

ကိုယ်ချင်းကိုယ်ချင်း လည်ပင်းတွေ ရင်းကြရ

ကိုယ်ချင်းကိုယ်ချင်း နောက်ကျောတွေ ဓားနဲ့ထိုးကြရ

တစ်ဆယ်ချင်း ယှဉ်ရင်တောင်

သူတို့ က ထမင်းတစ်နပ်ရတယ်

ကျွန်တော်နဲ့သူစားတဲ့ ထမင်းအနပ်တိုင်းမှာ

ကန်စွန်းပလိန်းဆိုတာပါတယ်

ငရုတ်သီးစပ်စပ် . . ကော်ရည်များများ

သူ့မှာ လိုအပ်ချက်တွေများတော့

ကျွန်တော်က ကျွန်တော့်ကိုယ်ရင်းရ

အရင်းထဲ အရင်းထပ်ဝင်တော့

ရန်ကုန်လမ်းတွေလို မိုးတွင်းပြီးရင်

ပြန်ဖာရတယ် . . .

လုပ်သလိုမဖြစ်တော့

မဖြစ်သလိုပဲ လုပ်ကြရ

ကောင်းရောင်းကောင်းဝယ် မကင်းသလို

အဟောင်းရောင်း အဟောင်းဝယ်မကင်းကြ

သူနေခဲ့တဲ့ မြို့ဟောင်းက

မြို့သစ်လို့ တံဆိပ်ကပ်ထားတဲ့ ရွာဟောင်း

ကျွန်တော့်မှာ ရင်ဘတ်အဟောင်း နဲ့ အိပ်မပျော်ရ

ကျွန်တော့်မှာ ဓါတ်ပုံအဟောင်းတွေနဲ့ အိပ်မပျော်ရ

ကျွန်တော့်မှာ အိပ်မက်အဟောင်းတွေနဲ့ အိပ်မပျော်ရ

ကျွန်တော့်မှာ မီးစက်သံတွေနဲ့ အိပ်မပျော်ရ . . . . ။ ။





မောင်မိုးချို

လူ ရို သေ ရှင် ရို သေ နဲ့

အား လုံး အ တွက်

ထာ ၀ ရ နောက် လူ

သူ ဆို တာ

ဖေါ် အ ပေါင်း နဲ့ မှ က တဲ့ ခ ရာ သံ

 

 

မောင်မိုးချို

မုတ် သုံ မြို့ ရဲ့ သ တို့ သ မီး



တာ ယာ ဖိ နပ် စုတ် က တစ် ရံ . .

ကိုင်း ကျိုး ထီး ရဲ့ တစ် ဖက် မှာ  သူ့ ဆ န္ဒ တွေ က

ဟိုး တဲ ငယ် က  သူ့ မျက် နှာ ငယ် လေး တွေ ပေါ် မှာ

ပွေ့ ထား တဲ့ တောင်း လေး က  သား ဆိပ် တက် နေ တဲ့ 

ထ မင်း ထုပ် လေး ကို  မြုပ် လို့ ပေါ့

သူ့ ပါး ပေါ် က လှိုင်း တွေ  လိပ် တက် လာ တိုင်း 

ရှေ့ က ရေ အိုင် လေး က  ချိုင့် ၀င် ပေး နေ တယ်

မီး ခွက် ထဲ က  တဲ လေး က  မှိုင် ပြ ပြ   ကြိုလို့

လှ ပါ တယ်  အ မေ ရယ် ...

ကျွန် တော် တွေး မိ တိုင်း  ညာ ဘက် လက် မှာ  မိုး ရွာ ပါ ၏ ။   ။





မောင်မိုးချို

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်