အိပ်မက်ရဲ့
အပေါ်ဆုံးကြယ်သီးကို တပ်လိုက် ။
မျက်စိနှစ်လုံးကို
နေသားတကျဖြစ်သည်အထိ စောင့် ။
ဆန္ဒကို
လက်ဝဲဘက်ရောက်တဲ့အထိ ခေါက်ချိုးပါးပါးချိုးပြီး ဘယ်ဘက် ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်
။
ရှိုက်ဖွာလက်စ
ဘယ်ဘက်လက်ဖျံကို တစ်ဖွာ နှစ်ဖွာ မီးမသေရုံ အငွေ့တွေနဲ့ အတွေးထဲ တစ်စ တစ်စ ။
နှစ်
၂၀ ကျော် ။ နှစ် ၃၀ ကျော် ဒီနောက် ၄၀ ကျော် ။
အတ္တ
ကို ဝါးလုံးရှည်နဲ့ သိမ်းပြီးရမ်းထည့်လိုက် ။
မူးရေလေးတစ်ခွက်နှစ်ခွက်
။ လွယ်အိတ်ထောင့်စွန်းက အပေါက်ထဲ မျှော်လင့်ချက်က ခုန်ဝင်လိုက် ။
လျှောကျလိုက်
။ မနက်ဖြန်ကို မက်ဆေ့ခ်ျပို့ပါ ။
အမှားအယွင်း
ရှိပါသလား ။ လူဆိုတာ ရေခဲမှတ်အောက်ဘယ်မျှ ။
အပူချိန်
အမှားအမှန် ။ ရာနှုန်းပြည့်ကွက်လပ်များဖြင့် အောင်မြင်ပြီးမြောက်ပြီးဖြစ်ကြောင်း ။
စသည်ဖြင့်
။
အပျော်အပါး
နဲ့ အလေအလွင့် ဟာ ဟိုမှာ ဒီမှာ ကပ်ပါးကောင်လို ဖုန်မှုန့်လို ။
သွားဖို့လာဖို့
ဖိနပ်ကြိုး ချည်တယ် ။
တချို့က
တစ်လှမ်း ။
တချို့က
နှစ်လှမ်း ။
အလဲအကွဲများတဲ့
သံသရာကနေ ဟိုဘက်ကမ်းမှာ . . .
မောင်မိုးချို
0 အကြံပေးမှုများ:
Post a Comment