ဘ၀တစ်လုံးစာ ည၏လန့်နိုးခြင်း

မာနချွေးစက်များ ... ခိုဝင်စီးကျ

ပိုက်ထားတဲ့ အတ္တကို အတင်းဖြေလျော့ချ

ငါဆိုတာ .. ပြီးတော့ ငါ၏များ ...

အတုန်းအရုံးလဲပြိုဆဲ ..

ဆက်ရန် မရှိသော ဇာတ်ဝင်ခန်း

အမှောင်တွေနဲ့ ခဏတာ ဟစ်အော်

နောက်ဆုံးဆိုတာရဲ့ရှေ့ကနေ အတွေးတစ်စ

ပဲ့...တင်..တိုး..လျ...စွာခွာကျ . . . .



အလင်းမဲ့ခြင်းများနဲ့ ငါကိုယ်ငါ စိုက်ပျိုး

ပကတိလွန်ဝါဒများကြား လျောဆင်း

နေ့ချင်း .. ညချင်း


နှလုံးခုန်သံများ ... ဆူ . . . ညံ

မော့သောက်ခဲ့သော မိုးခါးရေတစ်ခွက် .. တစ်ဖလား

ယောင်ရမ်းဆွဲကိုင်ထားတဲ့ ... မျက်ရည်စက်နဲ့ ..

ရိုသေခယမှု အတုများ

တိတ်ဆိတ်ခြင်းနဲ့ အလွမ်းသင့်



တက် . . . ကျ

ကျ . . . တက်

တွင်းဆုံးထဲ သို့ ..



အမောဖြေ . . . ချွေးသိပ်

တိတ်တိတ်ဆူ . .

ငါပိုင်တဲ့လိပ်ပြာ . . . မင်သက်

(ကြောက်ခြင်း . . . တွေဝေခြင်း)

ငါကိုယ်ငါပြန်တူးဖော်ခြင်း . . .

ပြန်တွေ့ .... ငါ .. ငါ၏ .. ငါကိုယ်တိုင်

အား . . . .

(တိုး. . . .တိတ်)

0 အကြံပေးမှုများ:

Post a Comment

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်