အစတည်းက ယဉ်သကိုပေါ့
ဘာမှမသဲကွဲဘူး ( ဝိုးတဝါး )
ငါပြောချင်တဲ့ အသံတောင် ငါမကြားဘူး
ငါကိုင်ထားတဲ့ ငါ့ရဲ့လက်ထဲမှာ လေတွေ အပြည့်
ဖြေလျော့ ချဖို့တောင် တော်တော် အားစိုက်နေရ
အရင်ဆုံးမြင်ရတဲ့ လောက ဆိုတာ ဇောက်ထိုးကြီးရယ်ပေါ့
ငါ့ချက်ကြိုးကို ဖြတ် ... ရိုက်သံ တစ်ချက်အကြားမှာ
စူးစူး ဝါးဝါးအော်ရင် ... ဒီလမ်းပေါ်စလျောက်မိ ချိန်ပေါ့
ဘာဆိုဘာမှ မသေချာဘူး
တစ်ဆစ်ချိုး လမ်းပေါ်ရပ်ရင်း
မေးခွန်းတွေနဲ့ ထုံမွှမ်း
စွန်းနေတာ အဖြူ နည်းနည်းလေးမှ မမည်းသေးတဲ့အချိန်ပေါ့
မာန .. အတ္တတွေ ကမ်းဝေး
အဖြူပင်လယ်မှာ လက်ပစ်ကူးကောင်းတုန်း
ထက်ပိုင်းကျိုးနင်းချေမိ
နောက်ပြန်လှည့်လျောက်ချင်ရဲ့
မလွယ်မှန်းအသိနဲ့ ရှေ့ဆက်လျောက်ခဲ့တဲ့ကောင်
ငိုစား .. ရယ်စား
မုသားနဲ့ ဆန္ဒတွေ ဒွိဟတွေ လွန်ဆွဲကောင်းတုန်းပေါ့
အချစ် .. အလွမ်း
အိပ်မက်တွေ ခါးရော့ ...
ဘာဆိုဘာမှ မဟုတ်ပဲ မာန်တက်နေချိန်
ငါဆိုတာကို ပိုင်ပိုင်နိုင်နိုင် မအော်နိုင်ခင်မှာပဲ တစ်ထောက်နားခဲ့ရပေါ့
လျောက်ခဲ့မှတော့ လမ်းဆိုတာ ဆုံးမှကောင်းတယ်
သက္ကရာဇ် အတိုင်းအထွာ တစ်ခုစာ ( ငါ/သူ/သူတို့ပိုင်သော )
သူသည် ... ငါသည် .. မင်းတို့သည် နင်းဖြတ်ခဲ့ကြ
အကောင်း အဆိုး ဒွန်တွဲ
ပျော်လို့ တော့ ကောင်းတုန်းပါပဲ
................................................
................................................
တိုးတိုးတိတ်တိတ် ငြီးတွား
ငါဆိုတဲ့ ဘဝကို ဖြတ်အပြီး ရှိုက်သံ သဲ့သဲ့ အကြားမှာ
နောက်ဆုံးမြင်တဲ့ လောကကြီးသည်လည်းကောင်း ဇောက်ထိုးကြီး
ငါကိုင်ထားတဲ့ ငါ့ရဲ့လက်ထဲမှာ လေတွေ အပြည့်
ငါပြောချင်တဲ့ အသံတောင် ငါမကြားဘူး
အဆုံးရောက်ပြီထင်ပါ့
....................................................
လမ်းဆုံးက တံခါးကို အဖွင့်
အိုးတစ်လုံးကျကွဲသံ .... ( .... ခွမ်း .... )
ကြေးစည်သံကိုပါ သဲ့သဲ့ကြားတယ်
0 အကြံပေးမှုများ:
Post a Comment