အိပ်မက်မဲ့ သန်းခေါင်မွန်းလွဲ ၂ နာရီ

အင်း .. ဟုတ်တယ် မယ်ချို
ဒီည ငါ . . . ကစင်ကလျားနဲ့ တစ်ချက်တစ်ချက်လွင့်ကျ
အလွမ်း ဆင်တူရိုးမှားတွေ တိုးထွက်ရင်း ... ထိုးထွက်ရင်း
ငါ့ ညာလက်က နာရီထဲမှာ စက္ကန့်တွေ ခုန်ခုန်တက်သွားတယ်
ငါ စကားလုံးတွေ ငတ်ငတ်လာတယ်
မင်း ငါရင်ထဲ ခဏလာခဲ့ပါလား
ငါ အိပ်မက်မှာ ပန်းမပွင့်တာကြာပေါ့

ငါဒီည မင်းဓါတ်ပုံကိုဖတ်တယ် . . . မယ်ချို
အက္ခရာတွေ ကျိုးကျိုးကြေကြေနဲ့
ကဗျာဖြစ်ဖူးတယ် . . . ကာရန်မပါဘူး
သီချင်းအော်ဆိုတယ် . . . ရင်ဘတ်ကိုဖိထားမယ်
ဆေးလိပ်ဖွာတယ် . . . မင်းမကြိုက်ဘူး
ဆေးလိပ်ငွေ့လို ငါလွင့်သွားတယ် . . . မင်းငါ့ အတွေးထဲရောက်တယ်

ရပ်ထားပါ ..
ခဏဖြစ်ဖြစ် ရပ်ထားပါ
ညကမှောင်တယ် .. မှောင်တယ်
ငါ့ကို ရေတစ်ခွက်ပေးပါ
ဖြစ်နိုင်ရင် ကျိုချက်မနေပါနဲ့

မယ်ချို . . .
မင်းနဲ့ ငါ့ကြားက ကြိုးကို ကျေးဇူးပြုပြီး ဒီအတိုင်းထားပါ
ငါဆန္ဒတွေက ဒီကြိုးမရှိရင် ကျိုးကျမယ်

တဖြည်းဖြည်းချမ်းလာပြီ
ဟောဒီစိတ်က မအိပ်ချင်ဘူး . . .
မယ်ချို . . . မင်းအပြုံးတွေ လှတယ်
ဟောဒီစိတ်က မအိပ်ချင်ဘူး
ကြယ်တွေ ပွင့်နေတယ်

ရပ်ထားပါ ..
ခဏဖြစ်ဖြစ် ရပ်ထားပါ
ဒီခဏကို ခဏဖြစ်ဖြစ်ရပ်ထားပေးပါ . . . .


Photobucket

0 အကြံပေးမှုများ:

Post a Comment

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်