ခရီးထွက်ခြင်း

ဘ၀ဆိုတဲ့ အိတ်တစ်လုံးရှိတယ်

ဒီအိတ်ကိုမဖွင့်ပဲ

ဆန္ဒတွေ ခေါက်ထည့်လို့မရဘူး

လိုလိုမည်မည် မာနကို

ထုတ်ရလွယ်အောင်နောက်ဆုံးမှထည့်မလား

အမောပြေသောက်စရာ မိသားစုတစ်ခုပါမယ်

အစာပြေစားဖို့ နိတိ တွေတော့မေ့လို့မဖြစ်ဖူး

အသိနဲ့ အတတ်ကိုထည့်ဖို့လည်းနေရာ ချန်ရမယ်

ကျွန်တော် မျက်နှာဖုံးတွေတော့ ထားခဲ့မယ်

လိုမှဝယ်တပ်တာပေါ့

နောက်ဆုံး ဖိနပ်ကြိုးခိုင်ခိုင်ချည်ထား

ခရီးထွက်မယ်

ကဲ ... မိတ်ဆွေ

ဖိနပ်ကြိုးချည်ပြီးပြီလား

0 အကြံပေးမှုများ:

Post a Comment

မောင်မိုးချို ဆိုတာ . . .

ဆန္ဒ နဲ့ သိက္ခာကြား မကြာမကြာ လွန်ဆွဲနေရသော လေသံမိုးသံ မကွဲသေးတဲ့ ကောင်းကင်